Chapter 278: ဒေါသနှင့် တည်ငြိမ်မှု
သူ၏ မာမာထန်ထန် အပြစ်မှုကို ဇူအန် လုံးဝ မမှုပေ။ ထို့အစား သူ၏ ဘေးတွင်ရှိနေသော ကျန်းတန် ဘက်သို့ လှည့်လိုက်သည်။
“ဒီမှာရှိနေတာ ခင်ဗျားရဲ့ သခင်မလေး မဟုတ်ဘူးလား။ ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးကို ကိုင်တွယ်ရမယ့်သူက သူမပဲ ဖြစ်သင့်တယ်။ အကယ်၍ သူမ က ကျုပ်ကို တာဝန်ယူစေချင်ရင် ကျုပ်ယူမယ်။ မယူစေချင်ရင်တော့ မယူဘူး။ မိန်းကလေးကျန်း ရော ဘယ်လိုထင်လဲ” ဇူအန် က အပြုံးတစ်ခု ဖြင့် ပြောလိုက်သည်။ကျန်းတန် ရှက်သွေးဖြာသွားသည်။ သူက ငါ့ကို တမင် အခွင့်အရေး ယူချင်နေတာလား။ သို့သော်လည်း သူမ ပြန်ဖြေလိုက်သည်။ “သခင်လေး လုပ်သမျှ အရာအားလုံးက အစိုးရရဲ့ ကောင်းကျိုးအတွက်ပဲလေ။ ဘယ်လိုလုပ် သခင်လေးကို တာဝန်ခံခိုင်းရမှာလဲ”
ဇူအန် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။ “မိန်းကလေး ကျန်း က ကျုပ်ကို တာဝန်မယူစေချင်တာကို ကြားရတော့ တကယ်ကို ဝမ်းသာမိတယ်။ ကြည့်ရတာ ကိုယ်တို့ရဲ့ ဆက်ဆံရေး တကယ်ကောင်းတယ် ထင်တယ်”
ဘေးတွင်ရှိနေသော ဆန်းရှန် မျက်မှောင်ကျုံ့သွားသည်။ သူ၏ ဦးထုပ်ကို ပြန်တပ်မတ်လိုက်မိသည်။ ယနေ့တွင် သူ့စိတ်ခံစားချက်များ သက်တောင့်သက်သာရှိမနေပေ။
“သခင်မလေး ပြောမှတော့” ဟောက်ယွမ် ပြောလိုက်သည်။”ငါ့ အနောက်လိုက်ခဲ့”အရှေ့သို့ ဦးဆောင်သွားကာ သူ၏ ငယ်သားများကို ကုန်အခန်းတံခါးဖွင့်ရန် လက်ပြလိုက်သည်။
ဆန်းရှန် လည်း လက်ဝှေ့ရမ်းလိုက်သည်။ သူ၏ စစ်သားများ ဝင်ရောက် ရှာဖွေတော့သည်။ ဇူအန်လည်း လက်ပြလိုက်သည်။ သူ၏ ချူအိမ် အစောင့်များလည်း အထဲသို့ ဝင်သွားကြသည်။ ဆန်းရှန်၏ လူများကို သူ မယုံကြည်ကြောင်း ထင်ရှားစေသည်။
အခြေအနေကို စိတ်မချနိုင်သေးသဖြင့် သူ ကိုယ်တိုင် လိုက်လံဝင်ရောက်သွားသည်။ဆန်းရှန် နှင့် ကျန်းတန် တို့လည်း အကြည့်ဖလှယ်ကာ အထဲဝင်လာကြသည်။
ကုန်အခန်းအတွင်းတွင် ဂုန်လျှော်အိတ်များ ကို တောင်တစ်လုံးပမာ အထပ်ထပ်စုပုံထားသည်။ စစ်သားများ၏ ရှာဖွေမှုမှာ အလွန်အမင်း ကြမ်းတမ်းလှသည်။ သူတို့၏ ဓားများဖြင့် ဂုန်လျှော်အိတ်များ ကို ထိုးဖောက်က အထဲရှိ ပစ္စည်းများကို ထွက်ကျလာစေသည်။