Chapter 321: ကောင်းချီး
သူတို့နှစ်ဦး အိပ်ချင်မူးတူးဖြင့် နိုးလာကြသည်။ "ငါတို့ ဘာလုပ်သင့်လဲ" ဇူအန် တိတ်တိတ်လေး မေးလိုက်သည်။
"ကျွန်မတို့ ဘာလုပ်နိုင်မှာလဲ။ ပြတင်းပေါက်ကနေ မြန်မြန်ထွက်သွားတော့" ချူယန်မှာ ငိုမိလုနီးပါးဖြစ်အောင် စိတ်ဖိစီးနေသည်။ သူ၏ အဝတ်အစားများကို ကူကောက်ပေးကာ ပြတင်းပေါက်ဆီသို့ တွန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ အမေကို လှမ်းပြောလိုက်သည်။ "ခဏလေးစောင့်ပေးပါဦး အမေ"
"တကယ်ပြောရရင် ငါတို့တွေ ဒီလိုလုပ်ဖို့မလိုဘူးလေ။ ငါတို့တွေက တကယ့် လင်မယား မဟုတ်ဘူးလား။ ဘာဖြစ်လို့ ငါတို့တွေ အမြဲတမ်း ခိုးကြောင်ခိုးဝှက် ဖြစ်နေရတာလဲ"
"မရဘူး" ချူချူယန် တန်းငြင်းလိုက်သည်။ သူတို့၏ ဆက်ဆံရေး တိုးတက်မှုမှာ အလွန်မြန်ဆန်နေသည်။ သူ့ကို သူမ၏ အခန်းထဲသို့ တိတ်တိတ်လေး ဝင်ခွင့်ပေးခဲ့ခြင်းမှာ သူမ၏ အကန့်အသတ်ဖြစ်နေပြီဖြစ်သည်။
သူတို့နှစ်ဦး အတူအိပ်သည်ဟု အရပ်ကို မည်သို့ချပြနိုင်မည်နည်း။ဇူအန် ဆွံ့အ သွားသည်။ သို့သော်လည်း ဤကိစ္စကို သူမ မည်မျှ ရှက်တတ်သနည်းကို ဇူအန် စဉ်းစားကာ သူမကို ခက်ခဲအောင် မလုပ်ချင်တော့ပေ။
ထို့အပြင် သူတို့၏ ပတ်သက်မှု ပေါ်သွားပါက သူ နေပြန်ကောင်းသွားသည်ကို လောင်မိုင် သိသွားမည်ဖြစ်သည်။ ထိုသို့ ဖြစ်လာလျှင် ထိုလူအိုကြီးက သူ့ကို သံသယ သေချာပေါက် ဝင်တော့မည်ဖြစ်သည်။လောင်မိုင် ၏ အဓိကရည်ရွယ်ချက်ကို သူ မသိသေးပေ။ အမှန်တရားကို လောင်မိုင် သိသွားပါက ဆိုးရွားသောအရာ တစ်ခုခု ဖြစ်လာမည်ဟု ဇူအန် ခံစားနေရသည်။ ထို့ကြောင့်် ယခုအခါတွင် ချူချူယန်နှင့် သူ၏ ဆက်ဆံရေးကို လျှို့ဝှက်ချက်ထားရန် လက်ခံလိုက်သည်။
အလျှင်အမြန် အဝတ်ဝတ်ကငါ ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်။ထို့နောက် ချူချူယန် တံခါးဖွင့်လိုက်သည်။ "အမေက ဘာဖြစ်လို့ မနက်အစောကြီး ရောက်လာတာလဲ"
"သမီးရဲ့ အခြေအနေကို စိုးရိမ်လို့ပါ။ မနေ့ညက ကောင်းကောင်းအိပ်မရခဲ့ဘူး။ ဒါကြောင့် တစ်ချက် လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာပဲ" ချင်ဝမ်ယွီ က သူမ၏ သမီးအပေါ် အကြည့်တစ်ချက်ဝဲလိုက်သည်။
သူမ၏ ရင်ထဲတွင် ကြည်နူးမှုများ လိမ့်တက်လာသည်။ သူမ၏ သမီးမှာ အလွန်လိမ္မာပြီး ကျင့်ကြံမှုအဆင့်လည်း မြင့်မားသည့်အပြင် အလွန်လှပသော အသွင်အပြင်လည်းရှိသည်။ သူမသည် စစ်မှန်သော ပြီးပြည့်စုံသည့် သမီးတစ်ယောက်ဖြစ်သည်။