Chapter 395: ရွှေလက်ချောင်းသိုင်း
"တစ်ယောက်ယောက်လာနေတာလား" ဇူအန် လန့်ဖြန့်ကာ ထခုန်မိသည်။
"ဟေး နေပါဦး လူလား သားရဲလား"
သို့သော် မိန်လိက ပျောက်ကွယ်သွားပြီး ဇူအန်ဘယ်လောက်ကြိုးစားသော်လည်း ပေါ်မလာတော့ပေ။"အိပ်မယ်ပြောတာနဲ့ ချက်ချင်းအိပ်ပျော်သွားရအောင်..ခင်ဗျားက ဝက်လား" ဇူအန် စိတ်တိုစွာ နှာမှုတ်လိုက်သည်။ တစ်ယောက်ယောက်လာပြီပဲပြောပြီး ဘာမှ မပြောသွားပေ။
ဒါက နဂါးဝှက်တောင်ရဲ့ တောနက်ထဲမှာလေ။ သားရိုင်းတစ်ကောင်ကောင် ငါ့နောက်လိုဆွဲရင် ဘယ်လိုလုပ်မလဲ
ထိုက်ဝူဓားကို ခပ်တင်းတင်းဆုတ်ကာ တစ်ကိုယ်လုံး တောင့်တင်းလာသည်။မကြာခင် ခပ်လှမ်းလှမ်းမှ ပုံရိပ်တစ်ခု ပေါ်လာသည်။ ဒါက လူတစ်ယောက်ပင်။
ဇူအန် စိတ်ထဲမှ ငြီးငြူလိုက်သည်။ အခြားဇာတ်လိုက်တွေက တောအုပ်ထဲမှာ နတ်သမီးလေးတွေ အလှလေးတွေ ဆုံရတာ။ သူ့အလှည့်ကျ ဘာလို့ယောက်ျားကြီးလဲ။ ဒီလူက အိုပြီး ရုပ်လည်းဆိုးသေးတယ်။
အဝတ်များက သူတောင်းစားလို စုတ်ပြတ်နေသော်လည်း မျက်လုံးများက အရောင်တောက်နေသေးသည်။ သုက ကျိန်းသေပေါက် ကျင့်ကြံသူတစ်ယောက်ပင်။ အဆင့်လည်း မြင့်လောက်သည်။
သူ့စုတ်ပြတ်နေသောအသွင်အပြင်က တောင်ထဲတွင် အချိန်အကြာကြီး နေခဲ့ရပြီး အဝတ်လဲစရာ မရှိ၍ဖြစ်မည်။ ထိုလူကိုယ်တိုင်ကတော့ သူ့ပုံစံကို စိတ်ပူပုံမရပေ။"ရောင်းရင်းလည်း တောထဲကို လမ်းလာလျှောက်တာလား" ခေတ္တတွေးကြည့်ပြီးနောက် အရင်နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲပြောပြော သူက အပေါ်ယံကြည့်၍ ဆုံးဖြတ်တတ်သူမဟုတ်ပင်။
ဇူအန်ကိုတွေ့သော် ထိုလူလတ်ပိုင်းလူကြီးက ကြောင်သွားပြီး အော်ရယ်ကာ ပြောလိုက်သည်။
"ကြည့်ပါဦး ရုတ်တရက် ဘယ်သူပေါ်လာတာလဲလို့။ ကောင်စုတ်လေး ငါနဲ့ ဒီနေရာမှာတွေ့ရတာ မင်းကံမကောင်းဘူးလို့မှတ်"ဇူအန် မျက်မှောင်ကြုံ့လာ၍
"ခင်ဗျားကို ကျုပ်သိလို့လား။ ခင်ဗျား စိတ်မမှန်ဘူးလား"