Chapter 248: ငါဘယ်သူလဲဆိုတာ သိလား
“မင်းကို ရှုပ်ရဲတော့ရော ဘာဖြစ်လဲ။ ငါ့ကို လာကိုက်မှာလား” ဇူအန်သည် လုံးဝမကြောက်သွားဘဲ လန်ရွှမ်းယွဲ့ ပုခုံးကို ဖက်ထားရင်း သူ့ထိုင်ခုံတွင် အေးအေးဆေးဆေး ထိုင်နေသည်။
ချန်ရွှမ်း ချက်ချင်း ဒေါသအလိပ်လိုက်ထွက်လာသည်။ သူ့ဓားရှည်သည် ဓားအိမ်မှ စူးရှကြည်လင်ပြတ်သားသော အသံနှင့် ထွက်လာသည်။ သူ့မျက်နှာထား ပြောင်းလဲသွားပြီး လူသတ်လိုစိတ်နှင့် ပြည့်နှက်နေပြီဖြစ်သည်။
သင်သည် ချန်ရွှမ်း ထံမှ အမျက်ပွိုင့် ၄၄၄ ရရှိပါသည်။
ချူယွဲ့ရှန် ဇူအန်ကို စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။ ဒီကောင်က တကယ်ရိုင်းစိုင်းတဲ့လူ။ အရင်တုန်းကတော့ သူ့ကို ဘာမှအသုံးမကျတဲ့ အိမ်ပါသားမက်လို့ပဲ သူ အမြဲတမ်း ထင်ထားခဲ့တာ။ တကယ်တမ်းတော့ သူက ဒီလိုမျိုး ရဲရင့်ကြမ်းတမ်းတဲ့လူဖြစ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဖူးဘူး။
ဒါပေမယ့် ငါ မြင်ချင်တာက ဒီလိုမျိုးပဲလေ။ခုနလေးတင်က ဒီဆံပင်အနီရောင်ယောကျာ်းရှေ့မှာ သူတို့ ဘယ်လောက်တောင် အင်အားမဲ့ခဲ့လဲဆိုတာ ပြန်အမှတ်ရတော့ ဒီလူယုတ်မာကြီးမျက်နှာကို အညစ်အကြေးတွေ များနိုင်သမျှအများဆုံး သုတ်ပစ်ချင်စိတ် ပြင်းထန်သွားသည်။
ချန်ရွှမ်း ကြမ်းကြမ်းရမ်းရမ်း ပေါက်ကွဲသွားမှာ စိုးရိမ်သောကြောင့် ချူဟုန်ခိုင်ကို ဆွဲခေါ်သွားဖို့ သူ ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့် ချူဟုန်ခိုင်သည် မိန်းမောတွေဝေနေဆဲဖြစ်သည်။ သူ့ကိုယ်သူ အပြင်လောကမှ လုံးလုံးလျားလျား ခွဲခြားထား၏။ ထို့ကြောင့် ချူယွဲ့ရှန်သူ တစ်ယောက်တည်းသာ ဇူအန်ထံသို့ ပြန်သွားလိုက်သည်။
ခဏတာမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ၀မ်ယွမ်လုံလည်း ရှေ့တိုးထွက်လိုက်သည်။ဇူအန် နည်းနည်းအံ့အားသင့်သွားသည်။ ဒီငွေဇွန်းကိုက်ပြီး ကြီးပြင်းတဲ့ သူငယ်ချင်းက အရေးကြီးတဲ့အချိန်မှာ သစ္စာရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါ။