Chapter 216: မိန်းကလေးသီးသန့်
လူတိုင်း၏ အတွေးထဲရှိ သံသယကို ချီရှို့ က ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်လိုက်မှန်း ချူချူယန်သိနေသည်။ နောက်ပိုင်းတွင် မရှုပ်ထွေးစေရန်အတွက် သူမကို ရှင်းပြရန် အခွင်အရေးတစ်ခု ပေးလိုက်ခြင်းဖြစ်သည်။
"ရှီကလန်က ရှီခွန်း အန္တရာယ်ကျရောက်ရင် သုံးဖို့ မှော်ပစ္စည်းတစ်ခု ပြင်ဆင်ပေးထားခဲ့လို့ပဲ။ သူ့မှာ ဝါးမြိုသူခွန်း လို့ခေါ်တဲ့ ရှေးဟောင်းသားရဲ ရဲ့ ဝိဉာဉ်ကို ချိတ်ပိတ်ထားတဲ့ လက်စွပ်တစ်ခု ရှိနေတယ်"
"ဝါးမြိုသူခွန်း ဟုတ်လား"
ထိုနာမည်ကြားရသောအခါ လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ဗဟုသုတ နည်းပါးသော ကျောင်းသားတစ်ချို့က အနီးနားရှိသူများကို ထိုအရာအကြောင်း မေးမြန်းကြသည်။ ပိုဉာဏ်ကောင်းသော ကျောင်းသားများက ဤအခွင့်အရေးကို အသုံးချကာ သူတို့၏ ဗဟုသုတကို ထုတ်ဖော်လိုက်ကြသည်။"ဝါးမြိုသူခွန်း ဆိုတာက ရှည်လျားကြီးမားတဲ့ခန္ဓာကိုယ်ရှိတဲ့ ရှေးဟောင်းမိုးပျံသားရဲတစ်ကောင်ပဲ။ အဲ့ဒါက ရန်သူတွေကို ဝါးမြိုပြီးတော့ ဆက်တိုက် ကြီးထွားပြောင်းလဲနိုင်စွမ်းရှိတယ်။ အားအနည်းဆုံး ဝါးမြိုသူခွန်း တစ်ကောင်က တောင် အဆင့်ကိုး ကျင့်ကြံသူ တစ်ဦးကို ယှဉ်နိုင်တယ်.."
ထိုရှင်းပြချက်ကို ကြားရသော လူအုပ်မှာ အံသြမှုကြောင့် ဆွံ့အသွားကြသည်။ ထိုကဲ့သို့ ကြီးမားသော သတ္တဝါကြီးတစ်ကောင်မှာ မည်ကဲသို့ လေပေါ်ပျံနိုင်စွမ်းရှိသနည်းကို သူတို့ တွေးနေကြသည်။အစောက မြေအောက်ဂူထဲတွင် ရှိနေခဲ့သော ကျောင်းသားတစ်ချို့သည်လည်း အမှန်တရားကို သိရသောအခါ မျက်လုံးပြူးကျယ်သွားကြသည်။ ကောင်းကင်တွင် ကြီးမားသော အရိပ်ကြီးတစ်ခု နှင့် အားကောင်းသော ဖိအားတစ်ခု တစ်ချိန်တည်းထွက်ပေါ်လာခဲ့သည်ကို သတိရလိုက်ကြသည်။ ထို့နောက် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းသည် တုန်လှုပ်ဖွယ် ဖြစ်ရပ်တစ်ခုဖြစ်သည်။ သို့သော်လည်း ဆန်းကြယ်သော မြေအောက်ဂူထဲတွင် မည်သည့်အရာမဆို ဖြစ်နိုင်စွမ်းရှိသောကြောင့် ထိုအရာအကြောင်း သိပ်မတွေးခဲ့ကြပေ။