Chapter 322: ကံသီလို့
ရှန်းလျှို့ယီ က သူမ၏ ခြေထောက်ကို စားပွဲပေါ်မှ ပြန်ရုတ်သိမ်းလိုက်သည်။ ကို့ရို့ကားယားဖြင့် သူမ၏ အဝတ်အစားကို ပြန်ဆွဲဆန့်လိုက်သည်။ ပုံမှန်ဆိုလျှင် တည်ငြိမ်ပြီး လွတ်လပ်သော တင့်တင့်တယ်တယ် မျက်နှာလေးတွင် တစ်ခါမှမမြင်ဖူးခဲ့သော နီမြန်းမှုတစ်ခု ယခုအခါဖြစ်ပေါ်နေသည်။
ဒါတွေအားလုံးက ကျန်းလော့ဖူ ရဲ့ အမှားပဲ။ ဘာအကြောင်းမှမရှိဘဲနဲ့ ဒီ အသားကပ်အချို့ ကြိုးစားကြည့်ဖို့သက်သက်နဲ့ ဘာကြောင့် ခေါ်ခဲ့ရတာလဲ။သူမ၏ ထူးဆန်းသော အမူအရာကို သတိထားမိသောအခါ ကျန်းလော့ဖူ က ဇူအန့်ကို လှည့်ကြည့်လိုက်သည်။ “တံခါး ဘယ်လိုခေါက်ရမလဲဆိုတာကို မသိဘူးလား”
ဤရုတ်တရက် ကျူးကျော်ဝင်ရောက်လာမှုကြောင့် သူမ တုန်လှုပ်သွားခြင်းမရှိသည်မှာ ရှင်းလင်းနေသည်။ သူမ၏ ခြေထောက်လှလှလေးများက စားပွဲပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် သူမ ဖုံးဖိရန် လည်း မလှုပ်ရှားပေ။ဇူအန်က ဒဏ်ရာရသွားသော အပြစ်ကင်းသည့် ယုန်သူငယ် ဟန်ဆောင်လိုက်သည်။ “ကျုပ် တံခါးခေါက် ခဲ့တာပဲ။ ဒါပေမယ့် ဘယ်သူမှ ပြန်မဖြေဘူးလေ။ တံခါးကလည်း ပိတ်ထားတာ မဟုတ်တော့ ကျုပ်လည်း ဝင်လာမိရုံပဲ”
ကျန်းလော့ဖူ နှခေါင်းရှုံ့လိုက်သည်။ “ကောင်စုတ်လေး။ နောက်ခါကျရင် နင် မဝင်သင့်တဲ့ နေရာတွေကို လျှောက်မဝင်နဲ့။ နင် သေဆုံးရတဲ့အဖြစ်နဲ့ အဆုံးသတ်ရလိမ့်မယ်”
ဇူအန် လုံးဝ ဆွံ့အသွားသည်။ ခင်ဗျားတို့ နှစ်ယောက်က တကယ်ပဲ အဲ့ဒီလောက်တောင် တရားမလွန်ဘူးလား။ ဘာဖြစ်လို့ ဒါလေးကို အရမ်းအလေးအနက် ပြောနေရတာလဲ။
“ထားလိုက်တော့။ ပြော။ ဒီရက်တွေမှာ နင် ဘယ်ရောက်နေတာလဲ။ နင် ပြန်လာမယ်လို့ ပြောခဲ့ကြောင်း ရှန်းလျှို့ယီက ပြန်တင်ပြခဲ့တယ်။ ပြီးတော့ နင့်ရဲ့ သတင်းအစအနတောင် မကြားရတော့ဘူး။ သူက အရမ်းစိုးရိမ်ပြီးတော့ ချူကလန်ကိုတောင် သွားအကြောင်းကြားတော့မလို့ပဲ” ကျန်းလော့ဖူ က သူ့ကို မပြတ်သားသော အပြုံးတစ်ခုပေးလိုက်သည်။