Chapter 359: ကတုံးပေါ်ထိပ်ကွက်
ဒီကောင်က ဘယ်က ကောင်လဲ။ သူ ဒီကိုဘယ်လိုရောက်လာတာလဲ။
ဒီကောင်က အလကားကောင်ပဲ။
ဆားခွင့်ပြုမိန့်တွေကို ဒီအတိုင်း တိတ်တိတ်လေး ယူသွားရင်တောင် ငါတို့ သတိထားမိမှာမဟုတ်ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ တမင် ကြေညာလိုက်တာလဲ။ ဒါတွေက ဒေါသထွက်အောင် ဆွပေးဖို့ အတွက်ပဲလား။
ဘယ်သူကရော သူ့လို စွန့်စွန့်စားစား လုပ်မှာလဲ။ သူ့ခေါင်းထဲမှာ အရစ်များ ချောင်နေသလား။
သူတို့၏ စိတ်ထဲတွင် ဤအတွေးများ ပြည့်နေသည်။ သို့သော် ၎င်းတို့က လှုပ်ရှားမှုကို မရပ်တန့်စေခဲ့ပေ။ အော်ဟစ်လာကာ ဇူအန့်အနောက်သို့ ဓားကိုင်လျက် လိုက်သွားကြသည်။
နှစ်ဖက်စလုံး အတိုက်အခိုက် ရပ်တန့်လိုက်ကြသည်။ ဇူအန့်ကို အရင်ဖြေရှင်းရန် အလိုလို သဘောတူညီလိုက်ကြသည်။ဇူအန်က မြင်းလှည်းကို အလောတကြီးမောင်းသွားသည်။ အကွယ်တစ်နေရာတွင် ထောင့်ချိုးကာ ကွေ့လိုက်ပြီး သူ့အနောက် လိုက်သူများကို ခနမျက်ခြေဖြတ်လိုက်သည်။ တောက်ပခြင်းဖန်လုံးကို ထုတ်ကာ အထဲတွင်ရှိနေသော သေတ္တာများ အားလုံးကို သိမ်းလိုက်သည်။
ပြီးနောက် အနီးအနားရှိ သစ်ပင်သို့ ခုန်တက်ကာ ပုန်းလိုက်သည်။ မြင်းများကတော့ အဝေးတစ်နေရာဆီသို့ အရှိန်အဟုန်ဖြင့် ဆက်လက်ပြေးလွှားသွားသည်။ထောင့်ချိုးကွယ်နေသောကြောင့် ဖြစ်ပျက်လိုက်သောအရာကို အနောက်မှလိုက်လာသူများ မသိကြပေ။ အော်ဟစ်ရင်း ဖြင့်သာ မြင်းလှည်းအနောက်သို့ ဆက်လက်ပြေးလိုက်သွားကြသည်။
ပေါလောစွာ တက်လာသော အမျက်ပွိုင့်များကြောင့် ဇူအန်၏ မျက်နှာ ပြုံးဖီးနေသည်။ ပထမဆုံး လှည်းဆီသို့ ရောက်စဉ်ကတည်းက ထိုသေတ္တာများကို ဖန်လုံး အတွင်းသို့ သိမ်းလိုက်နိုင်သည်။ သို့သော် ထိုသို့မလုပ်ခဲ့ရခြင်းမှာ အမျက်ပွိုင့် အချို့ ရှာချင်နေသေး၍ဖြစ်သည်။လူအများအပြားကို တစ်ကြိမ်တည်းဖြင့် ဒေါသထွက်အောင် လုပ်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုကို အဘယ်ကြောင့် သူ လက်လွတ် ဆုံးရှုံးခံမည်နည်း။
ချင်ဝမ်ယွီ စိတ်ပူနေမည်ကို စိုးရိမ်သောကြောင့် လမ်းကြောင်းအတိုင်း ပြန်သွားလိုက်သည်။