Chapter 210: စိတ်ဒဏ်ရာ
ချီရှို့ ပိုမို တွေဝေသွားသည်။
ထို့နောက် ပန်လုန်နှင့်ဖူဖုန်း တို့လည်း မျက်နှာဖြူဖြင့် ပြန်လာကြသည်ကို မြင်လိုက်ရသည်။ သူတို့ခန္ဓာမှ ဝိညာဉ်သည် ဖယ်ခွာသွားသည့်ဟန် ရှိနေသည်။သူ၏ စပ်စုချင်စိတ်ကို ထိန်းမရတော့ဘဲ အလျှင်အမြန် ရှေ့တိုးသွားလိုက်သည်။ ထို့နောက် ထိုအရာကို နောက်ဆုံး မြင်တွေ့လိုက်ရပြီဖြစ်သည်။
ဇူအန် သည် သစ်ပင် တစ်ပင်၏ အောက်တွင် အဝတ်အစားလဲနေသည်။ သူ၏ ဘောင်းဘီအပါအဝင် သူ၏ စုတ်ပြဲနေသော အဝတ်အားလုံးကို ချွတ်ထားကာ သူ၏ ကောင်းမွန်စွာထုဆစ်ထားသော ခန္ဓာကိုယ်ကို ပြသနေသည်။ပထမအကြည့်တစ်ချက်တွင် ထိုကိစ္စကို သိပ်မစဉ်းစားပေ။ အမှန်တွင် ကောင်မလေးအများစုသည် ဗလတောင့်သော ယောက်ျားများကို သိပ်စိတ်မဝင်စားကြပေ။ သူကဲ့သို့သော ပိန်သွယ်သော သူမျိုးကိုသာ ပိုနှစ်သက်ကြသည်။ ထို့ကြောင့် ဇူအန်၏ ပုံကို မနာလိုဖြစ်စရာ အကြောင်းမရှိပေ။
သို့သော် သူ၏ မျက်လုံးများက အနည်းငယ်အောက်သို့ ဆင်းသွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း တဆတ်ဆတ်တုန်သွားရသည်။“ဘယ်လိုဖြစ်နိုင်မှာလဲ” ချီရှို့ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သေးသည်။ ထင်ယောင်ထင်မှားမြင်နေသလားဟု တွေးနေမိသည်။
သူ၏ မျက်လုံးများမှာ သူ့ကို လှည့်စားမနေကြောင်း အတည်ပြုပြီးသောအခါမှ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ အဘယ်ကြောင့် လူတိုင်းက မျက်စိပျက်မျက်နှာပျက်ဖြစ်နေရသည့် အကြောင်းအရင်း ကို နောက်ဆုံး သူ သဘောပေါက်သွားပြီဖြစ်သည်။
သူ၏ လက်ကောက်၀တ်ဖြင့် အရွယ်အစားကို နှိုင်းယှဉ် ရန် စဉ်းစားမိသောအခါ သူ၏ မျက်နှာ လုံးဝ ပြိုလဲသွားတော့သည်။သူက အဲ့ဒါကို တမင်လုပ်နေတာပဲ။
ပုံမှန်ဆိုရင် လူတွေက အင်္ကျီမဝတ်ခင်မှာ ဘောင်းဘီကို အရင်ဝတ်ကြတယ်။ ဒါပေမယ့် ဇူအန်က တမင်ကို အင်္ကျီကို အရင်ဝတ်တယ်။... နောက်ပြီးတော့ သူ အဝတ်အစားကို အရမ်းနှေးနှေးကွေးကွေးဝတ်နေသေးတယ်။ တစ်ခါတစ်ခါ ဘယ် ညာတောင် ရမ်းပြနေသေးတယ်။