Chapter 361: လောင်းကြေးထပ်
သူမက သူတို့ကို ဖမ်းမိသွားပါက သေချာပေါက် အလိမ်ပေါ်သွားမည်ဖြစ်သည်။
ချင်ဝမ်ယွီ ပျာယာခတ်သွားသည်။ ဇူအန်ကို ဆုပ်ကိုင်ကာ ထွက်ပြေးဟန်ပြင်လိုက်သည်။ အဆင့်ခုနစ်ကျင့်ကြံသူတစ်ဦးလက်ထဲမှ မလွတ်နိုင်သည်ကို သူမသိသော်လည်း အနည်းဆုံးတော့ ကြိုးစားကြည့်ချင်နေသေးသည်။သူမ၏ တုန့်ပြန်မှုကို ဇူအန် အာရုံခံမိကာ ချက်ချင်း တားလိုက်သည်။ "သခင်မ ဘာမှအလျင်စလို မလုပ်ပါနဲ့"
ချင်ဝမ်ယွီ တွေဝေသွားသည်။ သူတို့၏ လည်မြိုတွင် ဓားထောက်နေပြီဖြစ်သည်။ ယခုအချိန်တွင် ထွက်ပြေးပါက အနည်းဆုံးတော့ မျှော်လင့်ချက် အရိပ်အယောင်တစ်စ တစ်မျှင် ရှိနေနိုင်သေးသည်။ သို့သော် ထိုမိန်းကလေး က သူတို့ကို ထုတ်ဖော်လိုက်ပါက အခွင့်အရေးလုံးဝ ရှိတော့မည်မဟုတ်ပေ။
"ကျုပ်ကို ယုံလိုက်ပါ။ အားလုံးအဆင်ပြေသွားလိမ့်မယ်" စိတ်ထဲတွင်တော့ ဇူအန် မှာ အလွန်စိတ်လှုပ်ရှားနေသည်။ သူလည်း လောင်းကြေးထပ်ထားခြင်းဖြစ်သည်။
"ဟင် မင်း ဒီကို ဘာကြောင့် ပြန်လာရတာလဲ" အဖိုးကြီးက အနက်ရောင်ဝတ် ရှို့ဟုန်လေ ကို မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ က တရွေ့ရွေ့ ထွက်ခွာနေသော လူနှစ်ဦးကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူတို့ လှည့်ပင်မကြည့်သည်ကို မြင်သောအခါ သူ၏ လူသတ်ချင်စိတ်မှာ အနည်းငယ် လျော့ကျသွားသည်။
"ကျွန်မက တစ်ယောက်ယောက် အနောက်ကို လိုက်နေတာ။ ကျွန်မတို့ရဲ့ ရန်သူတစ်ယောက် က ထွက်ပြေးသွားခဲ့တယ်" ရှို့ဟုန်လေ ပြောလိုက်သည်။
ထိုစကားကြားရသောအခါ ချင်ဝမ်ယွီ ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားသည်။ ဇူအန့်ကို ခပ်နာနာ ဆွဲဆိတ်လိုက်သည်။ ဒီကောင်လေးက ထွက်မပြေးဖို့ပြောတယ်။ အခုတော့ အရမ်းနောက်ကျသွားပြီ။ဇူအန်က နာကျင်မှုကို ငြီးလိုက်သည်။ မိန်းမတွေက ဆွဲဆိတ်ရတာကို ဘာဖြစ်လို့ အရမ်း ကြိုက်ကြတာလဲ။
"တစ်ယောက်ယောက် အနောက်ကို လိုက်နေတာလား" ထိုအဖိုးကြီး ၏အသံမှာ အံသြနေသည်။ ဇူအန်နှင့် ချင်ဝမ်ယွီ တို့ကို ညွှန်ပြလိုက်သည်။ "အဲ့ဒါ သူတို့လား"
ရှို့ဟုန်လေ က သူတို့နှစ်ဦးကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် အတွေးနက်နဲနေသည်။ ဇူအန် ၏လက်က ထိုမိန်းမ၏ တင်ပါးအနားတွင် ရှိနေသည်ကို မြင်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်မှာ အပေါ်သို့ အနည်းငယ် ကွေးညွှတ်သွားသည်။
ချင်ဝမ်ယွီ က သူမ၏ အကြည့်ကို အာရုံခံမိသောအခါ ခန္ဒာကိုယ် ရုတ်တရက် ဖြောင့်တန်းသွားသည်။