Chapter 218: ငါကိုယ်တိုင်လုပ်ရတော့မှာပေါ့
ကျီရှောင်ချီကို နှုတ်ဆက်ပြီးနောက် ဇူအန်လည်း ချူချူယန်နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ အကယ်ဒမီက သူတို့ကို သုံးရက်တာ အားလပ်ရက်ပေးလိုက်သောကြောင့် ချူအိမ်တော်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။
မြေအောက်ဂူထဲတွင် ဖြစ်ခဲ့သောအရာများကို သူမ၏ မိဘများကို သတင်းပို့တင်ပြရန် ချူချူယန် လိုအပ်နေသည်။ အထူးသဖြင့် သူတို့ကို အလစ်တိုက်ခဲ့သော ရှီခွန်းတို့နှင့် အချင်းဖြစ်ပွားခဲ့ကြခြင်းအကြောင်းဖြစ်သည်။
အကယ်ဒမီမှ လျှောက်လှမ်းထွက်ခွာပြီးနောက်တွင် ဆံပင်ဂုတ်ကွဲ မိန်းကလေးတစ်ဦးက သူတို့ကို လက်ဆန့်ကာ ရုတ်တရက် ခုန်အုပ်လိုက်သည်။ “မမ။ ခဲအို”
သူ၏ ခယ်မ မှာ ရက်ရောနေသောကြောင့် အဘယ်ကြောင့် ဇူအန် ငြင်းပယ်နိုင်မည်နည်း။ သူ၏ လက်ကိုဆန့်လိုက်သည်။
“ငါတို့ရဲ့ ဟွမ်ကျောက်က ဘယ်လောက်တောင် လိမ္မာလိုက်တဲ့ ကလေးလဲ”
အော် သူမက အရင်အတိုင်း ချစ်စရာကောင်းနေတုန်းပဲ။ချူဟွမ်ကျောက်၏ မျက်နှာ နီရဲသွားသည်။ ဇူအန်ကို လုံးဝ လျစ်လျူရှု့ကာ ချူချူယန် ၏ ရင်ခွင်သို့ ခုန်ဝင်သွားသည်။
“နောက်ဆုံးတော့ အစ်မ ထွက်လာပြီပဲ။ ဒီတစ်ခါ မြေအောက်ဂူ က အရင်အကြိမ်တွေထက် အများကြီးပိုအန္တရာယ်များတယ်လို့ ကောလာဟလတွေ ကြားမိတယ်။ ဒါကြောင့် အစ်မအတွက် တကယ်ကို စိုးရိမ်နေတာ”“...” ဇူအန်
သူ၏ လက်ကို ရှက်ရှက်ဖြင့် ပြန်ရုတ်သိမ်းလိုက်သည်။ သေစမ်း။ သူမကို ငါ မချီးကျူးခဲ့သင့်ဘူး။ထိုစဉ်မှာပင် သူ့ရင်ခွင်ထဲသို့ အခြားသူတစ်ယောက် ဗြုန်းခုန်ဝင်လာသည်။ ငိုယိုကာ ကျို့ထိုးနေသောအသံဖြင့် ပြောလိုက်သည်။
“သခင်လေး။ သခင်လေးက ကျွန်တော့်ကို ဒီလောက်တောင် သတိရနေလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို မျက်ရည်ကျမိတယ်”ချန်ရှို့ပင်း ၏ ခေါင်းပေါ်မှ ဆံထုံးနှစ်ခုက ဇူအန်၏ နှာခေါင်းကို ကလိထိုးနေသည်။ တခဏ ကြောင်သွားပြီးနောက် သူ့ကို အမြန်တွန်းထုတ်လိုက်သည်။
သူက ဘာဖြစ်လို့ ဒီလိုအမြဲ ပြုမူနေတာလဲ။ ဖြစ်နိုင်တာက သူ က တကယ်ပဲ အဲ့ဒီဘက် ယိမ်းနေတာလား။