Chapter 335: သခင်လေးက တော်လိုက်တာ
ဇူအန်သာ သူ့ကိုမြင်လိုက်ရင် ဝေအိမ်မှ လူအိုပညာရှင်ကြီးမှန်း မှတ်မိပေလိမ့်မည်။
ဇူအန်က အကယ်ဒမီမှ တစ်ချို့တစ်လေ သင်ထားကြောင်း သိလိုက်ရသော် လာရောက်စုံစမ်းခြင်းဖြစ်သည်။သူ့ဒဏ်ကိုခံရသော ပထမဆုံးလူက လုဒီဖြစ်သည်။ သို့သော် လုဒီနှင့် နေ့တစ်ဝက်လောက် တိုက်ခိုက်ပြီးခ်ျိန်မှာတော့ လုဒီနှင့် သူရှာနေသောသူအကြား ပတ်သက်မှုတစ်စိုးတစ်စိမှ မတွေ့ချေ။
ထို့ကြောင့် နောက်ပစ်မှတ်တစ်ခု ရှာလိုက်သည်။မကြာခင် မိန်းမဆန်သော ပိုင်စုစုက သူ့မျက်လုံးထဲ ဝင်လာသည်။ ဒီလိုမိန်းမတစ်ပိုင်း ယောက်ျားတစ်ပိုင်းမျိုးကို သူ အသလွတ် တော်တော်မုန်းလေသည်။
ပိုင်စုစုထံ အသာလေး သွားလိုက်သည်။ အကယ်ဒမီတွင် သောင့်ကြပ်နေသော အစောင့်များ ပေါ်တင်ဖြစ်စေ ပုန်းဝပ်၍ဖြစ်စေရှိသော်လည်း ထိုသူအားလုံးမရှိသကဲ့သို့ ကျော်ဖြတ်နိုင်လေသည်။ဇူအန်က ပစ်မှတ်ထားခံနေရခြင်းကို မသိပေ။ သူက ကျန်းတန်နှင့် ဘယ်သူအသက်ပိုအောင့်နိုင်လဲ ကစားပွဲကိုသာ အာရုံရောက်နေသည်။
အချိန်တစ်ခုကြာ ကစားပြီးနောက် ဇူအန် မကျေနပ်တော့ပေ။ ကျန်းတန်ပေါင်ကိုမကာ တစ်ကိုယ်လုံးနံရံကိုကပ်လျက် ပွေ့လိုက်သည်။ကျန်းတန်မျက်နှာက လုံးလုံး နီရဲနေသည်။
"တစ်ယောက်ယောက် ဖြတ်သွားရင် မြင်သွားလိမ့်မယ်" ကဗျာကယာ ပြောလာသည်။
ဒီနေရာက လူပြန်သော်လည်း အကယ်ဒမီ ဝန်းအတွင်းသာ ရှိသေးသည်။ ကျောင်းသားတစ်ချို့ ဖြတ်မသွားနိုင်ဟု ပြောမရပေ။"ဒါဆို ဘာလို့ ငါတို့စွန့်စားမကြည့်လဲ" ဇူအန် နား နားကပ်ကာ ပြောလိုက်သည်။
ကျန်းတန် ရင်တုန်သွားပြီး နှုတ်ခမ်းကိုက်ကာ တိုးတိုးပြောလာသည်။
"ရှင် မြန်ဖို့တော့လိုတယ်"....
ကျန်းတန် အခန်းကိုပြန်ရောက်သော် ချီဒေါင်ရင်းက ထူးထူးဆန်းဆန်း ကြည့်လာသည်။
"မင်းမျက်နှာ ဘာလို့ဒီလောက် နီနေတာလဲ။ တစ်နေရာရာ နေမကောင်းဖြစ်လို့လား"