Chapter 236: မျက်နှာဖုံးလူသား
"ဇူအန်လား"
ဆန်းရှန်လေသံက သာမန်ပြောနေကျထက် အသံပိုမြင့်သွားသည်။
ဇူအန်ကို ရှီလဲ့ဇီလို အဆင့် ၈ကျင့်ကြံသူ နှင့် ဆက်စပ်ရန်ပင် ခဲယဉ်းလေရာ ရှီလဲ့ဇီ သူသတ်တာ ခံရမှန်း ယုံနိုင်စရာ မရှိပေ။"အစ်ကိုရှီ တစ်ခုခုများ မှားနေလား" ဆန်းရှန် သံသယနှင့် မေးလိုက်သည်။ မြေအောက်ဂူရှေ့တွင် ဇူအန်ဓားချက်ခံလိုက်ရသောကြောင့် အကြောက်လွန်ပြီး သူ့အရှက်ကွဲမှုကို ဖာထေးရန် ဇူအန်ကို အင်အားကြီး ပညာရှင်တစ်ယောက်ပုံစံ ပြောနေလား တွေးနေမိသည်။
သို့သော် ဇူအန် အဆင့် ၈ကျင့်ကြံသူကို သတ်နိုင်တယ်လို့ ပြောတာကတော့ လွန်လွန်းသည်။ဆန်းဟုန်လည်း အလားတူ မယုံနိုင်ပေ။
သို့သော် သူ့သားလို ဣိနြေ္ဒမပျက်သွားဘဲ ရှီခွန်းကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်သည်။ ဒီထက်အများကြီး ရှိသေးကြောင်း နားလည်လေသည်။သေချာတာပေါ့ ရှီခွန်း ဆက်ပြောသည်။
"ကျုပ်လည်း ကျုပ်မှားပါစေလို့ ဆုတောင်းတာပဲ.."အရင်ညက အဖြစ်အပျက်အပါအဝင် ပြန်းထိုင်၏ မှတ်ချက်များပါ ပြန်ပြောပြလိုက်သည်။ ဒါပေါ့ ရှောင်းရွှယ်ယင်ကို အဆိတ်ခတ်ခြင်းလိုမျိုး သိစရာမလိုသော ကိစ္စတစ်ချို့ကိုတော့ ချန်ထားလိုက်သည်။ သစ္စာဖောက်တစ်ယောက်ကို လိုက်ဖမ်းနေခြင်းဟုသာ ပြောထားသည်။
"အဆင့် ၉..." ဆန်းဟုန်အတွေးနက်နေပြီး အကြာကြီးငြိမ်နေသည်။
ဆန်းရှန် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"အစ်ကိုရှီ လပြည့်မြို့မှာ အဆင့် ၉ ကျင့်ကြံသူမှ မရှိတာ။ အဲ့ဘက်က တစ်ခုခု မှားနေတာ မဟုတ်ဘူးလား"ဆန်းရှန် သူ့ကို မယုံကြောင်းသိ၍ ရှီခွန်း သရော်လိုက်သည်။
"ကျုပ်က ပြောသင့်တာ အကုန်ပြောပြီးသွားပြီ။ ယုံတာ မယုံတာကတော့ ခင်ဗျားတို့နှစ်ယောက်ကိစ္စပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က မြို့တော် ပြန်တော့မှာ။ မင်းဗျားတို့ဘက်က တစ်ခုခုမှားသွားရင်တော့ ကျုပ်နဲ့ မဆိုင်တော့ဘူး""ရှီသခင်လေးက မြို့တော် ပြန်တော့မှာလား" ဆန်းဟုန် မေးလိုက်သည်။