Chapter 337: ခဲအို မျက်နှာဖျော့နေတယ်
"လပြည့်ဝန်းအကယ်ဒမီရဲ့ ကျောင်းအုပ်ပီသပါတယ်။ ကျုပ်က အတော်လေး ဂရုစိုက်ထားတာတောင် ပေါ်သွားသေးတယ်" သစ်ပင်တစ်ပင်နောက်မှာ ပိန်လှီသော အဖိုးကြီးတစ်ယောက် ထွက်လာသည်။
အနက်ရောင်ဝတ်ထားပြီး တစ်ကိုယ်လုံးခေါင်းအထိ ချပ်ရပ်ကာ ဖုံးအုပ်ထားပြီး မျက်လုံးနှစ်လုံးသာ ပေါ်နေသည်။ သူ့မျက်နှာအသွင်အပြင်မှ နောက်ကြောင်းစုံစမ်းရန် မဖြစ်နိုင်ပေ။ အသံနှင့် ခန္ဓာကိုယ်သွင်ပြင်မှသာ ခန့်မှန်းရသည်။
ကျန်းလော့ဖူ အေးစက်စက်ကြည့်လိုက်ပြီး
"ရှင်ကဘယ်သူလဲ။ ဘာလို့ ကျွန်မတို့ကျောင်းက ဆရာတွေကို စမ်းသပ်နေရတာလဲ"အနက်ရောင်ဝတ်လူက သက်ပြင်းချပြီး
"ကျုပ်က ကျောင်းအုပ်ကို တော်တဲ့လူတစ်ယောက်လို့ထင်ထားတာ။ ကြည့်ရတာ ကျုပ်က တုံးသွားတာပဲ။ ဒီမေးခွန်းတွေ ကျုပ်မဖြေနိုင်တာ သိရဲ့သားနဲ့ မင်းက မေးနေသေးတယ်"ကျန်းလော့ဖူ ခေါင်းငြိမ့်လေသည်။
"ရှင်ပြောတာမှန်တယ်။ ကျွန်မဘက်က စကားရွေးတာ မှားသွားတာ"
ဆံထိုးကို ဖြုတ်ချလိုက်သော် သန်စွမ်းနက်မှောင်သောဆံပင်များ ရေတံခွန်လို ဖြာကျလာသည်။အနက်ရောင်ဝတ်လူက ကြောင်သွားသည်။ သူက ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားသော်လည်း သူ့ရှေ့က အမျိုးသမီးကတော့ အလွန်အင်မတန်လှကြောင်း ဝန်ခံရပေမည်။ လှပသော သူ့ခြေချောင်းများနှင့် သူ့ကိုယ်သူ ယုံကြည်မှုကြောင့် တော်ဝင်မိဖုရားများပင် မမီနိုင်အောင် လှလေသည်။
ကျန်းလော့ဖူ ထိုအာရုံလွှဲချိန်ခဏကို အခွင့်ကောင်းယူကာ လှုပ်ရှားလိုက်သည်။ ခြေမက မြေကြီးကို အသာထောက်၍ လျပ်စီးပမာ ရှေ့တက်လိုက်သည်။ ချက်ချင်း သူ့ကျောက်စိမ်းဆံထိုးကို အနက်ရောင်ဝတ်လူ၏ မျက်လုံးထံ ထိုးစိုက်လေသည်။
ပြိုင်ဘက်တစ်ယောက်ကို အားကုန်သုံး မတိုက်ခိုက်ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သို့သော် ဒီလူပေးသောဖိမားက ကြီးမားလွန်း၍ လျှိုမထားရဲပေ။
သို့သော် မျက်နှာရောက်ရန် နှစ်လက်မအလိုတွင် ဆံထိုးက ရပ်သွားသည်။