Chapter 225: ခွန်အားအစစ်အမှန်
တစ်ဖက်လူကလည်း သူ့မျက်နှာမြင်လိုက်ပြီး တိုက်ခိုက်မှုကို ရပ်လေသည်။ အံ့သြပျော်ရွှင်သော လေသံဖြင့် ပြောလိုက်သည်။
"ရှင်လား"ကျူးကျော်သူမှာ ဘဲဥပုံမျက်နှာနှင့် အပြာရောင်လိပ်ပြာဖဲကြိုးကိုသုံးကာ ဆံပင်မြင့်မြင့်စည်းထားသည်။ ရှောင်းရွှယ်ယင် ကလွဲရင် ဘယ်သူရှိဦးမလဲ။
"မင်းဘယ်လိုလုပ် ချူအိမ်ကို ရောက်လာတာလဲ။ ငါ့ကို လွမ်းလို့လား" ဇူအန် စလိုက်သည်။ ဇူအန်လေသံက ပေါ့ပျက်ပျက်နိုင်သော်လည်း ချူအိမ်ကိုသစ္စာဖောက်ပြီးနောက် အကြောင်းမဲ့ ရောက်မလာနိုင်ကြောင်း သဘောပေါက်လေသည်။
တစ်ချိန်တည်းမှာပဲ သူ့မျက်နှာ ပုံမှန်ထက် ပိုနီရဲနေကြောင်း သတိထားလိုက်မိသည်။
ရှောင်းရွှယ်ယင် သတိပြန်လည်လာပြီး အမြန်ပြောလိုက်သည်။
"အ..အမြန် လပြည့်မြို့တော်ဝန် ကိုခေါ်လိုက်""ဘာဖြစ်လို့လဲ " သူ့အသံထဲမှ ကြောက်ရွံ့မှုများကို သတိထားမိလိုက်၍ ဇူအန် ပတ်ဝန်းကျင်ကို သတိကြီးကြီးဖြင့် လှည့်ပတ်ကြည့်လိုက်သည်။
"အဲ့ဒါက အသုံးမဝင်ဘူး။ လပြည့်မြို့တော်ဝန် အိမ်တော်မှာမရှိတဲ့အကြောင်း ငါအခုပဲ သတင်းရထားတာ" စနောက်သော လေသံထွက်လာသည်။ ထို့နောက် အိမ်တော်နံရံပေါ်တွင် အဖိုးကြီးတစ်ယောက် ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ရှောင်းရွှယ်ယင်ကို သားကောင်သဖွယ် ကြည့်နေသည်။
"ရှီလဲ့ဇီ " ဇူအန် တအံတသြ ရေရွတ်လိုက်မိသည်။ တစ်ဖက်လူက ရုပ်ဖျက်ရန်ကြိုးစားထားသော်လည်း ဇူအန် တန်းမှတ်မိလေသည်။
လူအိုကြီးလည်း အံ့အားသင့်သွားသည်။ သူ့မျက်နှာမည်းသွားပြီး
"မင်းဘယ်လိုလုပ် ငါ့ကို မှတ်မိတာလဲ"ဇူအန် ရှောင်းရွှယ်ယင်ကို သူ့နောက်ပို့၍ ပြုံးလိုက်ပြီး
"ခင်ဗျားဘယ်လောက် ရုပ်ဖျက်ဖျက် ခင်ဗျားကိုယ်က ညစ်ထေးနေတဲ့ အငွေ့အသက်ကိုတော့ မဖျောက်နိုင်ပါဘူး"".."ရှီလဲ့ဇီ
သင်သည် ရှီလဲ့ဇီ ထံမှ အမျက်ပွိုင့် ၅၉၈ ရယူလိုက်သည်။