370

188 21 0
                                    

Chapter 370: စွတ်စွဲချက်

သူ့စကားကြားသော် ချင်ဝမ်ယွီ စိတ်ပူသွားပြီး
"မဖြစ်ဘူး။ ငါအဆိပ်ဖြေလို့မရဘူး။ မဖြစ်ဘူး..."

"စိတ်လျှော့ပါ။ ကျုပ်က ခင်ဗျားတွေးနေတဲ့ နည်းလမ်းကို သုံးမှာမဟုတ်ပါဘူး" ဇူအန် ရှင်းပြသည်။
သို့သော် မကြာခင် သူ့မျက်နှာလည်း ထူးဆန်းလာရသည်။ ချင်ဝမ်ယွီက သူ့ကိုယ်တွင်းတွင် တွန့်လိမ့်နေသဖြင့် သူလည်း ပူလောင်လာရသည်။

ဇူအန် ကြက်သီးထသွားရသည်။ သူ့ကို ခေါင်းထဲမှထုတ်လိုက်ပြီး ဆက်မကြည့်တော့ပေ။ အာရုံအားလုံးကို သွားရမည့်လမ်းကြောင်းအပေါ် ပို့ထားလိုက်သည်။

...

ချူအိမ်က လုံးဝပွက်လောရိုက်နေသည်။ ချူအိမ်၏ အရေးကြီးလူများအားလုံး စုဝေးနေကြသည်။

ချူဟုန်ခိုင်က အစောင့်တစ်ချို့ဦးဆောင်ကာ လုံခြုံရေးစောင့်ကြပ်နေသည်။ ချူယွဲ့ပိုက ဝတုတ်တုတ် အန္တရာယ်ကင်းသော ပုံစံပင်။ သို့သော် ပုံမှန် တက်ကြွသောမျက်နှာအစား လေးနက်သောမျက်နှာထား ဖြစ်နေသည်။
ချူတိုင်းရှန်ကို အကြိမ်များစွာ စကားပြောရန် ကြိုးစားသော်လည်း ဟိုက ခေါင်းယမ်းပြ၍ တားလိုက်သည်။

"ခဲအိုလည်း ဒီမှာ မရှိဘူး" ချူဟွမ်ကျောက် ကပျာကယာ ပြေးလာသည်။ အိမ်တော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် သူက အခန်းထဲတွင် အနားယူနေလေသည်။ ကြောက်လန့်တကြား သူ့အမေကို သွားရှာကြည့်သည်။ သူ့အမေကိုမတွေ့သော် ဇူအန်ကို ထပ်ရှာသည်။ သို့သော် သူလည်း အခန်းထဲတွင် ရှိမနေပေ။ သူ့အခန်းကို အစောင့်တစ်ချို့ မွှေနှောက်ရှာနေတာတောင် တွေ့လိုက်ရသည်။

ဟုန်ကျုံးနှင့် ချူတိုင်းရှန် ထံသွားကာ မေးမြန်းလိုက်သည်။
"ဘာဖြစ်တာလဲ။ အမေဘယ်သွားလဲ။ ဘာလို့ ခဲအိုအခန်းကို ရှာနေကြတာလဲ"

ချူတိုင်းရှန်က အရှက်ရသောမျက်နှာဖြင့်
"ငါက မင်းတို့အားလုံး အိမ်တော်ပြင်ပကို ပြောလို့မဖြစ်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ပြောမလို့ပဲ။ မဟုတ်ရင် ငါတို့ချူအိမ်တော့ ကျော်မကောင်းကြားမကောင်း ဖြစ်ကုန်မှာ"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now