317

211 25 0
                                    

Chapter 317: တာဝန်အသစ်

ဆန်းရှန်စိတ်လှုပ်ရှားနေမှုကို ကျန်းတန် သိပ်ပင် စိတ်မပူမိချေ။ နဂါးကဖြင့် ရှိတောင်မရှိတော့ပေ။ သူတို့ရှာကြည့်ပြီး မတွေ့တဲ့အခါကျ နဂါးက အနှောင့်အယှက်ပေးတာ မခံချင်လို့ အသိုက်ပြောင်းသွားတယ်ပဲ မှတ်ယူလိုက်ကြမှာ။

တစ်ချိန်တည်းမှာပဲ သူနှင့်ဇူအန်၏ ခြေရာလက်ရာများ ဖျောက်ထားမိလိုက်သော သူ့ကိုယ်သူ ပြန်ချီးကျူးလိုက်မိသည်။ သူမသာ မသန့်ရှင်းခဲ့ရင် ဒီလောက်လူအများကြီး ဝင်ရှာသောကြောင့် တစ်ယောက်ယောက် ထူးဆန်းတာ မတွေ့နိုင်ဘူးလို့ အာမ မခံနိုင်ပေ။

"ဝေလဂိုဏ်းပင်မချုပ်ကို အရင်ပြန်ကြရအောင် ။ ဒီကိစ္စကို အရင်ဖြေရှင်းဖို့လိုတယ်" ကျန်းတန် ပြောလိုက်သည်။
ချန်ရွှမ်းက အလယ်အလတ်ပိုင်းနှင့် အကြီးပိုင်း လူများကိုသာ သွေးထိုးခဲ့သောကြောင့် အောက်ပိုင်းကလူများကို သူမ ပြန်ထိန်းချုပ်နိုင်သေးသည်။

"မင်း လပြည့်မြို့ကိုပဲ ပြန်သင့်တယ်။ ဝေလကျွန်းကို ပြန်သွားစရာ မလိုတော့ဘူး" ဆန်ရှန်း လေးလံသော လေသံဖြင့် ပြောလာသည်။

"ဘာလို့်လဲ "ကျန်းတန် နားမလည်ပေ။

"ငါ့လူတွေက ဝေလဂိုဏ်းက လူတိုင်းကို ရှင်းပစ်လိုက်ပြီ" ဆန်းရှန်လေသံက ရာသီဥတုအကြောင်း ပြောနေသလို ပေါ့ပါးလွန်းသည်။

"ဘာရယ်" ကျန်းတန် ကြောက်လန့်၍ ဖြူဖျော့သွားသည်။

ဆန်းရှန် ဆက်ပြောသည်။
"သူတို့မင်းကို တစ်ကြိမ်သစ္စာဖောက်နိုင်ရင် နောက်တစ်ခါလည်း လုပ်နိုင်တယ်။ ပြီးတော့ မင်းက ငါတို့ဆန်းအိမ်ကို လက်ထပ်တော့မှာ။ မင်းက ဝေလဂိုဏ်းချုပ်ဆိုတဲ့သတင်းထွက်သွားရင် ငါတို့အတွက် ပြဿနာအများကြီး ပေါ်လာနိုင်တယ်။ အဲ့တာကြောင့် အကုန်လုံးကို အမြစ်ကနေ ဆွဲနှုတ်ပစ်လိုက်တာ"

ကျန်းတန် ချက်ချင်း ဝမ်းနည်းသွားသည်။
"ရှင့်လုပ်ရပ်က နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကြိုးစားမှုတွေကို ဖျက်စီးပစ်တာပဲ"

"လက်လွှတ်ရမယ့်အချိန်ဆိုတာရှိတယ်။ ပြီးတော့ ဝေလဂိုဏ်းက လုပ်ရမယ့်အရာတွေကို ပြီးမြောက်သွားပြီ။ အဲ့ဒီအစား ဝန်ထုတ်တစ်ခုလို ဖြစ်လာပြီ။ မင်း ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့ ပြင်ဆင်သင့်ပြီ။ အဲ့တာက ကျန်းအိမ်ရဲ့ သခင်မလေးဖြစ်တဲ့ မင်း အာရုံစိုက်သင့်တဲ့အရာပဲ" ဆန်းရှန် နောက်လှည့်ကာ သူ့နောက်လိုက်များကို ကျန်းတန်အား ပြန်ပို့ရန် အချက်ပြလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now