Chapter 328: ကြက်ဖတစ်ကောင်လို
ရှုချင်ဆောင် ဇူအန်စကားကြားသော် စိတ်ငြိမ်သွားသည်။
"ဆက်ပြော"စိတ်ထဲတွင် တုန်လှုပ်နေပြီဖြစ်သော်လည်း ခုခံဖို့တော့ တတ်နိုင်လောက်သေးသည်။ သူတို့နှစ်ယောက်သာ သရေ ကျသွားပါက အခြေအနေကို ပြန်အဖတ်ဆယ်နိုင်သေးသည်။
အိမ်ပါသားမက်တစ်ယောက်က ဘယ်လိုလုပ် စာပေဗဟုသုတရှိမှာလဲ။ သူ့မှာ ဘာလှည့်ကွက်မှ ရှိနိုင်တယ်လို့ ငါမယုံဘူး။ဇူအန် ဆန်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။
မင်းက ဒီကိစ္စကို စလိုက်တဲ့လူနော် နောက်ဖြစ်လာသမျှကို အပြစ်မတင်နဲ့။
သူ့မျက်လုံးက ကျန်းတန်ကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။
"တစ်ရက်၊ အရုဏ်ဦး၊ တစ်မနက်၊မိုးခေါင်ခေါင်၊ နေထွက်ချိန်ရှုခင်း"ရှုချင်ဆောင် သက်ပြင်းချလိုက်မိသည်။
အိမ်ပါသားမက်က အိမ်ပါသားမက်ပါပဲ။ မင်းလုပ်နိုင်တာက ဒီလောက်လွယ်တဲ့ စာပုဒ်ပဲ။ဘယ်လိုပြန်ဖြေရမလဲ သူတွေးနေစဉ် ဆန်းရှန်၏ ပေါက်ကွဲသံကို ကြားလိုက်ရသည်။
"မင်းကဘာလို့ ကျန်းမိန်းကလေးကို ကြည့်နေရတာလဲ"သင်သည် ဆန်းရှန် ထံမှ အမျက်ပွိုင့် ၆၆၆ ရယူလိုက်သည်။
ရှုချင်ဆောင်လန့်သွားရသည်။ ဒီသခင်မလေး၏ နာမည်က တန်(အရုဏ်ဦး)ဖြစ်လျှင် ဇူအန်ရဲ့ ဒီစာပုဒ်က တစ်ခြားအဓိပ္ပာယ်ရှိနေတာလား။
ဆန်းရှန်အော်ဟစ်သံက ဇူအန်ပုခုံးသာ တွန့်ပြလိုက်သည်။
"ကျန်းမိန်းကလေးက ဒီလောက်လှတာ။ သူ့ကို ငါကြည့်ချင်တာ သဘာဝပဲမလား။ မင်းတို့နှစ်ယောက်က စေ့စပ်ထားလို့ တပ်မှူးဆန်းက ကျုပ်တို့ရဲ့ မိန်းမလှလေးကို ရှုစားခွင့် ပိတ်ပင်လို့မရဘူး ဟုတ်တယ်မလား""မင်းစာပုဒ်ရဲ့ အဓိပ္ပာယ်က အဲ့တာ..အဲ့တာ.." ဆန်းရှန်က ဒေါသထွက်နေသော်လည်း ထိုကိစ္စမျိုးကို ပါးစပ်က ထုတ်မပြောနိုင်ပေ။
သင်သည် ဆန်းရှန် ထံမှ အမျက်ပွိုင့် ၂၅၀ ရယူလိုက်သည်။
ချီဒေါင်ရင်း ပင် ဇူအန်ကို တစ်ချက်ဆန့်ကျင်လိုက်ချင်သည်။ ကျန်းတန်ကိုပါ ဆွဲထည့်တာ သိပ်လွန်မနေဘူးလား။