Chapter 391: တွန့်ဆုတ်ခြင်းမရှိ
တကျီကျီမြည်နေသော ငှက်သံများကြောင့် ဇူအန် နိုးပြီး တမလွန်ဘ၀တစ်ခုဟု ထင်မြင်နေမိသည်။
သူ့အနားတွင် မြက်ရွက်များ၊ ပန်းများ၊ သစ်ပင်များ...ဝန်းရံနေသည်။ ၎င်းတို့ကို တစ်ခုပြီးတစ်ခု စတင်သတိပြုမိလာသည်။ မြက်ပင်များ က ခုနကမြက်ပင်များဖြစ်နေပြီး သစ်ပင်များလည်း အရင်က သစ်ပင်များဖြစ်နေဆဲ...အရာအားလုံး မှာ အနည်းငယ်မျှသာ ပြောင်းလဲမှုရှိသည်။
မည်မျှ ပြောင်းလဲသွားကြောင်း အတိအကျမသိသော်လည်း ၎င်းတို့ထံမှ ကျင့်ကြံသူတစ်ဦးစတင်ဖြစ်စဉ်အချိန်က ကဲ့သို့ အသက်ဓာတ် နှင့် ကီ ကိုခံစားမိနေသည်။
ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ကြည့်ရှု့လိုက်သောအခါ သူ၏ အကြည့်မှာ အိုမင်းရင့်ရော်နေပြီး ကြက်သီးထစရာကောင်းသော အလောင်းတစ်ခု အပေါ်ကျရောက်သွားသည်။ ၎င်းသည် လောင်မိုင် ဖြစ်သည်။ဇူအန် တုန်လှုပ်သွားသည်။ မြေပြင်တွင် ရုတ်တရက် လက်ထောက်ခုန်လိုက်မိသည်။ ချက်ချင်းပင် ပေတစ်ဒါဇင် လောက် လေထဲ မြှောက် တက်သွားသည်။ မြေပြင်ပေါ်သို့ ပြန်ရောက်ရန် အချိန်ခဏ ယူလိုက်ရသည်။
ဇူအန် ဇဝေဇဝါဖြစ်သွားသည်။ သူ၏ လက်ကို မယုံမကြည်နိုင် ကြည့်လိုက်သည်။ သူ၏ ပြေးလွှားနေသော အတွေးများကို အမြန်ပြန်စုစည်းလိုက်သည်။
သူ၏ နောက်ဆုံးမှတ်ဉာဏ် က ဝှက်ဖဲအားလုံးကုန်သွား၍ လောင်မိုင်၏ ပြိုင်ဘက်မဟုတ်တော့ဘဲ အဖမ်းခံလိုက်ရကာ နဖူးပေါ်သို့ ခရမ်းရောင်တောက်ပနေသည့် နေကြာပန်း လက်ညိုးဖိခံရပြီးနောက် သတိမေ့သွားခဲ့သည်ဟု ပြောပြနေသည်။ဇူအန် လန့်ဖြန့်သွားသည်။ ငါတော့သွားပြီ။ လောင်မိုင် က ငါ့ကို ဝင်ပူးလိုက်ပြီလား။
သူ၏ ကိုယ်ပိုင်အသိဉာဏ်ရှိနေသေးသော်လည်း မကြာခင် ပျောက်သွားရတော့မည်ကို သေချာနေသည်။
ယခင်ကမ္ဘာ က ရုပ်ရှင်တစ်ခုကို သွားသတိရလိုက်သည်။ ထိုရုပ်ရှင်ထဲ က ဂြိုလ်သားများ က လူသားကိုယ်ထဲတွင် ကပ်ပါးကောင်များ မွေးစေသည်။ ကူးစက်ခံထားရသော သူမှာ အပြင်ပန်းတွင် လုံးဝအကောင်းအတိုင်းရှိနေသော်လည်း ကပ်ပါးကောင်များ အရွယ်ရောက်လာချိန်တွင် ၎င်းတို့၏ လက်ခံသူ ကိုယ်ထဲမှ ရုတ်တရက် ထွက်လာမည်ဖြစ်သည်။
သူ့ကိုယ်သူ လူသား မျိုးဖောက်စက်တစ်ခု လိုခံစားလာရသည်။