Chapter 229: ပါရမီရှင် (+)
သူမ၏ အသံချိုချိုက ကြောင်တစ်ကောင်ပမာ သူ၏ နှလုံးသားကို ကုတ်ခြစ်ဆော့ကစားနေသည်။ အိပ်ရာပေါ်တွင်ရှိနေသော မိန်းကလေးကို ကြည့်လိုက်ကာ သူ၏ လည်ချောင်းများ ခြောက်သွေ့သွားသည်။ အသံဝင်သောအသံဖြင့် ပြောလိုက်သည်။ “တကယ်တော့... ငါက လူကြီးလူကောင်းတစ်ယောက်ပဲ”
ထိုစကားလုံးများကို ပုံမှန်အချိန်တွင် ကြားရမည်ဆိုပါက ရှောင်ရွှယ်ယင်း ဒေါသထွက်နေမည်ဖြစ်သည်။ သို့သော် ယခုအခါတွင် ထိုစကားလုံးများကို လုံးဝ လျစ်လျူရှု့ထားသည်။ သူ၏ လက်ကို သူမ တင်းတင်းဆုပ်ကိုင်ထားကာ ပြောလိုက်သည်။ “ငါ့ကို မထားခဲ့ပါနဲ့။ ငါကြောက်တယ်...”
“အေးပါ။ မင်း ဘေးကနေ မထွက်သွားပါဘူး” ဇူအန်က သူမ၏ ဘေးတွင် ထိုင်လိုက်ကာ သူမ၏ နဖူးပေါ်မှ ချွေးများကြောင့် အနည်းငယ်ရှုပ်ပွနေသော ဆံပင်ကို ရှင်းပေးလိုက်သည်။
ယခုအချိန်တွင် ထွက်သွားရလောက်အောင် ဇူအန် မမိုက်မဲပေ။ ဒရမ်မာရုပ်ရှင်များစွာ ကြည့်ထားသောကြောင့် ဖြေဆေးရှာဖွေရန် ထွက်ခွာသွားချိန်တွင် အခြားယောက်ျားလေးတစ်ယောက် ရောက်လာလျှင် သူမကို အသားယူနိုင်ချေရှိမည်ဖြစ်သည်။ရှောင်ရွှယ်ယင်း အသာအယာ ငြီးတွားလိုက်ပြီး သူ့ကို တင်းတင်းဖက်လိုက်သည်။ သူမသည် မိန်းမပျိုလေးတစ်ဦးဖြစ်သဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးကို မသိပေ။ ၎င်းသည် သူမ၏ ကိုယ်ထဲမှ အပူဓာတ်ကို စွန့်ထုတ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သကဲ့သို့ သူ၏ကိုယ်ကိုသာ ဖက်ထားနိုင်သည်။
“ကယ်...ကယ်ပါဦး..” ရှောင်ရွှယ်ယင်း မပီမသငြီးညူနေသည်။ဇူအန်က ကိုယ့်ကိုယ်ကို အနည်းငယ် ကြိမ်းမောင်းလိုက်သေးသည်။ သူ၏ ပန်းတိုင်ကို ပိတ်ဆို့ခဲ့ခြင်းဖြင့် ကျီရှောင်ချီ က သူ့ကို စိတ်ဒဏ်ရာပေးခဲ့သည်။ ထို့ကြောင့် ကာမအားတိုးဆေး၏ သက်ရောက်မှုများကို ဖြေဖျောက်နိုင်သည့် အရိုးရှင်းဆုံးနည်းလမ်းကို သူ မေ့လုနီးပါးဖြစ်ခဲ့ရသည့။
ထိုမိန်းကလေး၏ မို့ဖောင်းနေသော နှုတ်ခမ်းများကို ကြည့်ရင်း ဇူအန် တံတွေးမျိုချလိုက်ကာ ရှေ့သို့ ကုန်းရန် ပြင်လိုက်သည်။
သို့သော် သူတို့၏ နှုတ်ခမ်းများ ထိတော့မည့်အချိန်တွင် ချူဟွမ်ကျောက်၏ အသံက ခြေလှမ်းသံနှင့်အတူ ရုတ်တရက် ပေါ်လာသည်။ “ခဲအိုရေ ခဲအိုရေ”
ဇူအန် ချက်ချင်း ထိတ်လန့်သွားသည်။ ဒုက္ခပဲ။ ဒီမြင်ကွင်းကို အဲ့ဒီကောင်မလေး မြင်သွားရင် ပြဿနာကြီးပြီ။