Chapter 288: နေရာမှားဒေါသ (+)
ထိုအခါမှာ သူမတစ်ဦးတည်းသာ အတွေးများ မှားတွေးမိနေသည်ကို သတိပြုမိလိုက်သည်။ သူမ၏ ဖြူဖျော့သော မျက်နှာ တွင် နီမြန်းမှုတစ်ခု အလွှာတစ်ခု သမ်းလာသည်။ ထို့အပြင် သူမ၏ ရေခဲတမျှ အေးစက်နေသော ခန္ဓာကိုယ်မှာလည်း ရှက်ရွံမှုကြောင့် အနည်းငယ် နွေးထွေးလာနေသည်။
သူမ ခန္ဓာကိုယ်၏ အာရုံခံစားမှုကို ဇူအန် သတိပြုမိလိုက်သောအခါ ခပ်ရွတ်ရွတ် ပြုံးလိုက်မိသည်။ “အသည်းက မေးခွန်းကို ပြန်မဖြေသေးဘူးနော်။ မင်းရဲ့ ဘယ်ခန္ဓာကိုယ် ဘယ်အပိုင်းက သက်တောင့်သက်သာ မဖြစ်ဆုံးလဲ။ အဲ့ဒီအပိုင်းကို အရင်ဆုံးကုသပေးမယ်လေ”
ချူချူယန် အံကြိတ်ထားလိုက်သည်။ ဒီလူက ဘယ်အချိန် ရပ်ရမလဲ မသိဘူး။
ငါတို့နှစ်ယောက်က ဒီလို ပုံစံမျိုးတောင် ဖြစ်နေပြီပဲ။ ဘာတွေ ထပ် ပြောစေချင်နေသေးတာလဲ။“ငါ့ကို မပြောပြရင် ငါလည်း ရွေးချယ်စရာ မရှိတော့ဘဲ ငါ့ကိုယ်ပိုင်နည်းလမ်းအတိုင်း အဆက်မပြတ် ကုသပေးရမှာပဲ။ သိတယ်မလား” ဇူအန်က သူမ၏ နားအနားသို့ ကပ်တိုးလေး ပြောလိုက်သည်။
သူ၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သောအခါ ချူချူယန် မျက်လုံးလေးများဝိုင်သွားသည်။ သူ့ကို တားရန် ကြိုးစားလိုက်သည်။ “နေဦး..”
ဇူအန် ဇဝေဇဝါ ဖြစ်သွားသည်။ ချူချူယန်၏ မျက်ဝန်းများတွင် မြူဆိုင်းနေသည်။ သူမ မျက်ရည်ကျတော့မလိုပင်။ “ခဏလောက် ရပ်ပါဦး။ ကျွန်မကို အသက်ရှုခွင့်ပေးပါဦး”
ယခုအကြိမ်သည် သူမတို့ နှစ်ဦး၏ ပထမဆုံး အကြိမ် မဟုတ်သော်လည်း ဘာကြောင့်မှန်းမသိ သူမ၏ မြေအောက်ဂူထဲမှ နောက်ဆုံးအတွေ့အကြုံမှာ အလွန်အမင်း ဝေဝါးနေခဲ့သည်။ ဒေါသ၊ အရှက်တရား နှင့် ဇဝေဇဝါဖြစ်မှု တို့ ရောထွေးနေငေါ ခံစားချက်တစ်ခုကိုသာ သူမ မှတ်မိနိုင်တော့သည်။ယခုတစ်ကြိမ်မှသာ သူမ၏ စိတ်ရှင်းလင်းနေသောအချိန်၏ ပထမဆုံးအကြိမ်ဖြစ်သည်။
ယောက်ျားတွေဟာက ဒီလောက်တောင်လား။ မနည်းအားတင်းရင်း ချူချူယန် အံကြိတ်ထားရသည်။ ဤရုတ်တရက် ထိုအတွေးစက သူမ၏ မျက်နှာကို ရှက်သွေးဖြာသွားစေသည်။ သူမ၏ စည်းကမ်းရှိမှုက ထိုကိစ္စကို ဆက်လက် တွေးတောခြင်းကို ချက်ချင်း တားဆီးလိုက်သည်။