Chapter 291: သတိပေးချက်
ပြောရလျှင် ချင်ဝမ်ယွီလည်း အခန်းထဲဝင်မိတာ နောင်တရနေသည်။ သူတို့နှစ်ယောက်က ခုနက တစ်ချိန်လုံး တကူကူးထားကြတာ သူဝင်လို့ မသင့်တော်သလိုပင်။
ထိုသို့တွေးမိသော်လည်း အရဲစွန့်ကာ ဝင်သွားလိုက်သည်။လေထဲတွင် အချစ်နှင့်ညံ့သက်မှုတစ်ချို့ ကျန်နေသေးသည်။ ချင်ဝမ်ယွီ နှလုံးခုန်သံပင် မြန်လာရသည်။
သို့သော် သူ့သမီး ခုတင်ပေါ်တင် မလှုပ်မယှက် လှဲနေတာ မြင်လိုက်သော် ကြောက်လန့်ပြီး ပြာသွားရသည်။
"ချူယန် ဘာဖြစ်တာလဲ။ အဲ့ဒီလူရမ်းကား မင်းကိုတစ်ခုခုလုပ်လို့လား"ချူယန် မျက်နှာရဲကာ မျက်လုံးဖွင့်လိုက်သည်။
"အမေ ဘာလို့ ဝင်လာတာလဲ""ငါဘာလို့ရောက်လာတာလဲ တွေးမနေနဲ့။ ဘယ်လိုနေသေးလဲ" ချင်ဝမ်ယွီ သူကိုယ်တိုင် စမ်းသပ်ကြည့်လိုက်သည်။ အရင်လို အေးစက်မနေတော့ဘဲ သာမန်အပူငွေ့တစ်ချို့ရှိလာကြောင်း တွေ့လိုက်ရသည်။ သို့သော် ထူးဆန်းစွာ သူမတစ်ကိုယ်လုံးက အရိုးများ အရည်ပျော်နေသကဲ့သို့ အရင်ကထက်ပင် ပိုနုန်းနေသလိုပင်။
"မ..မဆိုးပါဘူး " ချူချူယန် မျက်နှာရဲလျက်ပင် ပြန်ဖြေသည်။
"ဒါဆို ဘာလို့ ဒီလောက် အားပျော့နေရတာလဲ။ ကောင်းကောင်းတောင် မထိုင်နိုင်ဘူးလေ" ချင်ဝမ်ယွီ စိတ်ပူစွာ ပြောလာသည်။
"ဘာမှမဟုတ်ဘူး။ နည်းနည်း...နည်းနည်း ပင်ပန်းနေတာ" ချူချူယန် အသံက အလွန်တိုးလာသည်။
ဇူအန်ထွက်မသွားခင် အဝတ်ဝတ်ပေးခဲ့တာကို ကျေးဇူးတင်ရမည်။ မဟုတ်ရင် အခုထက်ပိုပြီး အရှက်ရမည်ပင်။"ပင်ပန်းနေတာလား" ချင်ဝမ်ယွီ ကြောင်သွားသည်။ သို့သော် သူလည်း အတွေ့အကြုံရှိ၍ နားလည်ရန် အချိန်သိပ်မကြာလိုက်ပေ။ သူလည်း မျက်နှာပူလာသည်။
အချိန်တစ်ခုတော့ နှစ်ယောက်လုံး အန်းတန်းတန်း တိတ်ဆိတ်နေမိသည်။ချင်ဝမ်ယွီ သူ့သမီးကိုစိတ်ပူ၍ တွေဝေစွာ ပြောလာသည်။
"အားဇူ အခုပဲပြောတယ်...မင်းအကုန်လုံးပြန်ကောင်းဖို့ နောက်ထပ် အကြိမ်ရေတစ်ချို့ ကုရဦးမယ်တဲ့။ အဲ့တာ မင်းဘယ်လို ခံစားရလဲ"