Chapter 266: လိုအပ်ရင် ထွက်သွားပေးမယ်
ရှို့ဟုန်လေ၏ ဖိတ်စာဟုကြားလိုက်သော် ရှိနေသော ယောက်ျားအများစု မနာလိုဖြစ်သွားကြသည်။
ချူအိမ်အစောင့်များပင်လျှင် ရှို့ဟုန်လေဂုဏ်သတင်းကို ကြားဖူးကြသည်။
သူမက လပြည့်မြို့တစ်ခုလုံးတွင် နာမည်အကြီးဆုံးဖြစ်ရုံသာမက လင်ချွမ်းတစ်ပြည်လုံးပါ နာမည်ကြီးသည်။ သူ့ကို မချဉ်းကပ်ချင်သော ယောကျာ်းမရှိပေ။"သခင်လေးက တကယ့်ကို ပညာကြွယ်တာပဲ..သူက ရှို့သခင်မနဲ့ပါ ရင်းနှီးတယ်လား"
"ငါတို့ရဲ့ လှပတဲ့ ပထမသခင်လေးက ဘာလို့ သခင်လေးကို သဘောကျတာလဲ နားမလည်ခဲ့ဘူး။ ကြည့်ရတာ ငါက အတွေ့အကြုံနည်းသေးလို့ဖြစ်မယ်"
"ဒါပေမဲ့..သခင်မပါ ပါလာပြီ..သခင်လေးတော့ ပြဿနာပဲ"
....
တစ်ချို့က အပျော်လွန်သွားပြီး တစ်ချို့က စိုးရိမ်နေသည်။ သို့သော် အများစုကတော့ ဘေးမှ ပွဲကြည့်ရန် စိတ်အားထက်သန်နေသည်။ ရှို့ဟုန်လေက ဇူအန်ကို ကိုယ်တိုင်ဖိတ်ကြောင်း ချူဟုန်ခိုင် ကြားသော် မနာလို၍ မျက်လုံးကျွတ်ကျမတတ်ပင်။
သူက ရှို့ဟုန်လေ၏ အမာခံပရိသတ်ဖြစ်ပြီး ရှို့ဟုန်လေ တစ်စုံတစ်ယောက်ကို ကိုယ်တိုင်ဖိတ်ခြင်းအား တစ်ခါမှ မကြားဖူးပေ။ပုံမှန်ဆို ဖိတ်ကြားချက်ကို သူလက်ခံပြီး သီချင်းသီဆိုခြင်းဖြစ်စေ ဒီတိုင်း မျက်နှာပြရုံ လက်ခံခြင်းဖြစ်စေ ထိုအရာများကပင် ဂုဏ်ယူစရာကောင်းနေပြီ။
သူတို့နှစ်ယောက် အရင်ညက ဘာမှမဖြစ်ခဲ့ပေမဲ့ ရှို့သခင်မက သူ့ကို ကိုယ်တိုင်တောင် ဖိတ်နေပြီ။ ဒါဆို အချိန်တစ်ခုပဲ လိုတော့မှာ မဟုတ်ဘူးလား။ဘာပဲဖြစ်ဖြစ် ရှို့ဟုန်လေ၏ ဆွဲဆောင်မှုကို မည်သူမှ မငြင်းဆန်နိုင်ဟု ယုံကြည်ထားလေသည်။
သူ့အိပ်မက်နတ်သမီးကို မကြာခင် ဇူအန် ပိုင်ဆိုင်တော့မည်ဟု တွေးလိုက်ရုံဖြင့် မျက်ရည်ကျလုနီးပါးဖြစ်လာသည်။
ဂါး..မနေ့ညကပဲ သူတို့ဖြစ်လိုက်ပါတော့လား။ ငါ့ကို ဘာလို့ ဒီလိုနှိပ်စက်ရတာလဲ။ ငါ့ရဲ့ ဝေဒနာကို ရပ်ဆိုင်းပေးပါ။