Chapter 206: မေးခွန်းတချို့
"…"ဇူအန်
ဒီမြင်ကွင်းကြောင့် ဇူအန် မျက်လုံးကျွတ်ကျမတတ်ပေ။
ဘာဖြစ်သွားတာလဲ ။ ခုနလေးတင်ကမှ သူတို့က မင်းကို သစ္စာခံနေသေးတာလေ။ အဲ့တာကို မင်းက တန်းသတ်ပစ်လိုက်တာလား။ ငါ့ရဲ့ တပ်ဖွဲ့တွေကရော။ ငါက သူတို့ကိုတောင် ထုတ်မကြွားရသေးဘူး။
ဇူအန်သံသယများကို သိသည့်အလား မိန်လိ ချူချူယန်နှင့် ရှောင်းရွှယ်ယင်ကို တစ်ချက်ကြည့်ကာ ပြောလေသည်။
"သူတို့ကိုတောင် မင်းကြောင့်မို့လို့ ငါညှာပေးလိုက်တာ။ မဟုတ်ရင် သူတို့နှစ်ယောက်လည်း ဒီအလောင်းကောင်တွေလို ဖြစ်သွားမှာပဲ""သူတို့ကို ဘာလို့ သတ်လိုက်ရတာလဲ။ သူတို့က ခင်ဗျားကို သစ္စာခံနေပြီ မဟုတ်ဘူးလား" ဇူအန် မေးလိုက်သည်။
"သစ္စာရှိတာလား" မိန်လိ လှောင်လိုက်သည်။
"အဲ့တာက သူတို့ကိုယ်ကျိုးအတွက် လူတွေ ကြားကောင်းအောင် ပြောတဲ့စကားပဲ။ မင်းရဲ့လက်အောက်ငယ်သားတွေ မင်းကို သစ္စာမဖောက်စေချင်ရင် မင်းသူတို့မငြင်းနိုင်တဲ့ အရာတစ်ခု ပေးနိုင်မှရမယ်။ ငါ့လက်ရှိအခြေအနေမှာ ဘာမှမပေးနိုင်လို့ သူတို့ကို ခေါ်သွားလို့မရတာ နှမြောစရာပဲ။ အဲ့လိုဆိုမှတော့ အနာဂတ်မှာ ငါ့လျှို့ဝှက်ချက် မပေါက်ကြားဖို့ သူတို့ကို ချက်ချင်းသတ်လိုက်တာက အကောင်းဆုံးပဲ""အဲ့တာလေးကြောင့် သူတို့အကုန်လုံးကို သတ်လိုက်တာလား" ဇူအန် ထိပ်လန့်သွားသည်။
"သူတို့က စကားတောင်မပြောနိုင်တာ ဘယ်လိုလုပ် ခင်ဗျားလျှို့ဝှက်ချက်ကို ပေါက်ကြားစေမှာလဲ""သူတို့က ဒီမှာဖြစ်သမျှကို မျက်မြင်တွေ့ထားတယ်။ သူတို့ စကားမပြောနိုင်ရင်တောင် သူတို့ကို ဒီလောကကြီးမှာ ဆက်ရှိနေခွင့် မပေးနိုင်ဘူး။ ငါက သူများတွေရဲ့ သစ္စာဖောက်တာခံမယ့်အစား ငါက အရင်သစ္စာဖောက်လိုက်မယ်"
"..." ဇူအန်
အစ်မကြီး ဘယ်လိုလုပ် ဒီလို နာမည်ကြီးစာသားတွေပါ ထွက်လာရတာလဲ။သို့သော် ဒီဖြစ်ရပ်က ဇူအန်နှင့်မိန်လိ မတူညီသောလောကတွင် နေထိုင်ခဲ့ကြောင်း သိသာစေသည်။ သူက ခေတ်သစ်လောကတွင် ကြီးပြင်းလာခြင်းပင်။ ဇူအန်က အနည်းငယ် လောဘကြီး၍ ရမက်ထန်သော်လည်း လူကောင်းတစ်ယောက် ဖြစ်နေဆဲပင်။ တစ်ခြားလူက သူ့အသက်ကို ရန်ရှာလာသည့်အချိန်မှလွဲ၍ ဇူအန် သူတစ်ပါးအသက်ကို လွယ်လွယ် မနှုတ်ယူပေ။