222

335 44 0
                                    

Chapter 222: ယောက္ခထီး အမြဲအားနည်းတာ မအံ့သြတော့ဘူး

“…” ဇူအန်

သူ ကြားရသည့် စကားများကို မယုံနိုင်သဖြင့် အတည်ပြုရန်နောက်တစ်ခေါက် ပြန်မေးလိုက်သည်။ “မင်း ဘာပြောလိုက်တယ်”

“အမေက ခဲအိုအပေါ် မလိုမုန်းထား ဖြစ်နေတာလေ။ အဲ့ဒါကြောင့် သူက ခဲအိုကို အစ်မကို ကုသခွင့်ပြုဖို့ လုံးဝမဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ငါသူ့ကို သတိမေ့သွားအောင် လုပ်လိုက်တယ်” ချူဟွမ်ကျောက် ရှင်းပြလိုက်သည်။ “မေ့ဆေးကို အသုံးပြုလိုက်တာ”

ဇူအန် မျက်နှာမည်းသွားသည်။ “ဘယ်လိုလုပ် အဲ့လိုပစ္စည်းမျိုး မင်းလက်ထဲမှာ ရနိုင်ရတာလဲ”

“အမ် ကျွန်မ အဲ့ဒါတွေကို ဒီအတိုင်း ကစားဖို့သက်သက်အတွက် ရှာထားတာ။ မေ့ဆေးအပြင် ကျွန်မမှာ ဝမ်းနုတ်ဆေး ၊ ကာမအားတိုးဆေး နဲ့ အခြားဆေးတွေအများကြီးလည်း ရှိသေးတယ်။ အဲ့တုန်းက အစေခံတွေနဲ့ ကစားရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာ နင် မသိပါဘူး။ ဒါပေမယ့် အဲ့လိုကစားပြီးနောက်ပိုင်း ငါ့ကို စရှောင်သွားကြတာတော့ တကယ်နှမျောစရာပဲ။ ငါ့ကို တွေ့တာနဲ့ အသည်းအသန်ထွက်ပြေးသွားကြတာလေ” ချူဟွမ်ကျောက် ဝမ်းနည်းစွာ ပြောလိုက်သည်။

ထိုအခါကျမှ ဤမိန်းကလေးသည် မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း ဇူအန် မှတ်မိသွားသည်။ ဤကမ္ဘာသို့ သူ စရောက်လာခါစတုန်းက ချူဟွမ်ကျောက်သည် ခွေးတစ်ကောင် လွှတ်ပြီး သူ့ကို လိုက်ကိုက်စေရုံသာမက အကြောင်းအရင်းမရှိ သူ့ကို ကြာပွတ်ဖြင့် ရိုက်ခဲ့သည်။ လတ်တလော၌ သူတို့ကြားဆက်ဆံရေးသည် တိုးတက်ကောင်းမွန်လာပြီး သူမအပေါ် သူ့အမြင် အနည်းငယ်ပြောင်းလဲသွားသော်လည်း ထိုကိစ္စများကို သူ့စိတ်ထဲ သေသေချာချာ မှတ်သားထားဆဲဖြစ်သည်။

“ငါနင့် ကူဖို့ အကြီးကြီးစွန့်စားထားရတာ။ အဲ့ဒါကြောင့် ငါ့အစ်မပြန်ကောင်းလာအောင် နင် သေသေချာချာကုပေးရင် ပိုကောင်းမယ်” ချူဟွမ်ကျောက် လက်သီးဆုပ်ပြပြီး သူ့ကို သိပ်ကြောက်စရာမကောင်းသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now