Chapter 239: ပိုက်ဆံက စကားပြောတယ်
ဇူအန် တွေးတောကြံစည်လိုက်သည်။ ဒီ ရှို့ဟုန်လေ က ဘယ်လောက်တောင်လှနေလို့ ယောက်ျားတွေအများကြီးကို ရူးသွပ်စေတာလဲ။
အဲ့ဒီ နှာဗူးအကြီးစား ကျီတန်ထု ကိုတော့ ပြောစရာကို မလိုတော့ဘူး။
ဒါပေမယ့် အမြဲတမ်း အေနေအးတဲ့ ချူဟုန်ခိုင် တောင်မှ လုံးဝ ပြုံးဖြီးနေတာပဲ။သူတို့ သုံးယောက်မှာ အင်မော်တယ်ဗိမ္မာန် ဆီသို့ ဦးတည်နေကြသည်။ ယခင်က မြင်းတစ်ကောင် တောင် မစီးဖူးသော ဇူအန်သည် အခြားသူများ ကို ကြည့်ကာ လေ့လာသင်ယူလိုက်သည်။ သူသည် ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် သူ၏ ကိုယ်ဟန်ကို ထိန်းရန်မှာ အရမ်းခက်မခဲပေ။
လမ်းတစ်လျှောက်တွင် ချူဟုန်ခိုင် နှင့် ချူယွဲ့ရှန် တို့ က ချူချူယန်၏ အခြေအနေကို မေးရန် အခွင့်အရေးကြိုးစားရှာဖွေကြသည်။
သူတို့၏ အကြံကို ဇူအန် လုံးဝ သိမြင်နေသဖြင့် တစ်လမ်းလုံးတွင် လျှောက်ပြောနေလိုက်သည်။တခဏကြာပြီးနောက် ဆန်းကြယ်သော မွှေးရနံ့ တစ်ခု သင်းပျံ့နေသည့် လမ်းတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။
ချူယွဲ့ရှန် က ဇူအန် ကို မျက်စိမှိတ်ပြလိုက်သည်။ သို့သော် သူ၏ သေးငယ်သော မျက်လုံးများ က သူ၏ အလွန်ဝဖောင်းကားနေသော ပါးဖောင်းဖောင်းကြောင့် သတိပြုမိရန် ခက်ခဲလှသည်။
“ နတ်ပျိုမယ်လမ်း က အင်မော်တယ်ဗိမ္မာန် ရှိတယ် ဆိုတာထက် ပိုတယ်။ ဒီလမ်းမှာ ဆောင်ကြာမြိုင် တစ်ရာအထက်ရှိတယ်။ ဒါက ယောက်ျားသားတွေရဲ့ နိဗ္ဗာန်ဘုံပဲ။ နာမည်ပဲရှိတာမဟုတ်ဘူး။ တကယ်ရှိတာ”“တစ်ရာကျော်တယ် ဟုတ်လား” ဇူအန် လုံးဝ ကြောင်သွားသည်။ လပြည့်မြို့မှာ ဒီလို ဈေးကွက်ကြီးတစ်ခုရှိနေတာလား။
လပြည့်မြို့မှာ မြို့ကြီးတစ်မြို့ဖြစ်သော်လည်း သူ၏ အတိတ်ကမ္ဘာ၏ စီးပွားရေးမြို့တော်များ နှင့်ယှဉ်လျှင် မှေးမှိန်နေသေးသည်။ လူအများစုမှာ ဝင်ငွေအများအပြားမရှိသည့် ဆင်းရဲသော သာမန်လူတန်းစားများဖြစ်ကြသည်။ ဒီလောက် အဆင့်ရှိတဲ့ စီးပွားရေးကို ထောက်ပံ့ပေးဖို့ ဖောက်သည်တွေ အလုံအလောက်ရော တကယ်ရှိပါ့မလား။