Chapter 292: မိုးနတ်မင်းကိုယ်တိုင်
ဇူအန် အံ့သြသွားသည်။ “ဘာဖြစ်လို့လဲ”
“ငါသေချာတော့ ရှင်းမပြတတ်ဘူး” ဖေးမြန့်မုန် မျက်မှောင်ကြုတ်လိုက်သည်။ “ငါ နင့်အခန်းက ထွက်သွားချိန်တိုင်း သူ့အကြည့်က နောက်ကလိုက်လာသလိုပဲ"
"တစ်ကြိမ် နှစ်ကြိမ်က တိုက်ဆိုင်တာ ဖြစ်နိုင်ပေမဲ့ အကြိမ်တိုင်း စောင့်ကြည့်ခံနေရသလ်ုပဲ။ အဲ့တာကြောင့် လုံးဝ တိုက်ဆိုင်တာမဖြစ်နိုင်ဘူး။ အဲ့ဒီလူမှာ ထူးဆန်းတဲ့ပြဿနာတစ်ခုခု ရှိနေတယ်"မိန်းမတစ်ယောက်ရဲ့ အာရုံခြောက်ပါးက တကယ့်ကြောက်စရာပဲ။ ဒီလိုကိစ္စကိုတောင် အာရုံခံနိုင်တယ်။ လောင်မိုင်အဆင့်က သူ့ထက်ပိုအများကြီး မြင့်တာကိုတောင်မှ။
ဖေးမြန့်မုန်ကို ချီးကျူးရန်ပြင်လိုက်စဉ် ကျောချမ်းလာရသည်။ ဇူအန် သူ့ကိုအချက်ပြကာ
"ဒီကိုလာခဲ့"ဖေးမြန့်မုန် မျက်နှာနီလာပြီး အနားကပ်ရမည့်အစား နောက်ဆုတ်လိုက်သည်။
"ရှင်ဘာလုပ်ဖို့ ကြံနေတာလဲ"ဇူအန် ပြုံးလိုက်ကာ
"ငါ မင်းနဲ့ စိတ်ရင်းတစ်ချို့ ဆွေးနွေးစရာရှိလို့လေ"ဖေးမြန့်မုန် ကြောင်သွားပြီး အတွေးပေါင်းသောင်းခြောက်ထောင် ခေါင်းထဲ ဝင်လာရသည်။ သို့သော် သူ့ခန္ဓာကိုယ်က ရှေ့တိုးပြီးသားဖြစ်နေသည်။
"မင်းက အရမ်းမနီးသေးဘူး" ဇူအန် ပြောလိုက်သည်။ ထို့နောက် ဖေးမြန့်မုန် လက်ကိုဆွဲကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ဖေးမြန့်မုန် သတိလက်လွတ်ဖြစ်သွားသည်။ သူက ဇူအန်ရင်ခွင်ထဲ ရောက်သွားပြီး ဇူအန်နှုတ်ခမ်းက သူမနားရွက်နှင့် ကပ်လာသည်။ ရှက်ရွံ့၍ မျက်နှာပူလာသည်။ စိတ်တိုစွာ တုံပြန်ရန်ပြင်လိုက်စဉ် ဇူအန်၏ တီးတိုးစကားကြောင့် ရပ်သွားရသည်။
"မလှုပ်နဲ့။ နံရံတွေမှာ နားရွက်တွေရှိတယ်။ အဲ့တာကြောင့် မင်းကို ဒီလိုပဲပြောလို့ရမှာ"ဖေးမြန့်မုန်ကလည်း ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။ ချက်ချင်း စိတ်ငြိမ်သွားပြီး သူပြောလက်စ လူအိုကြီးအကြောင်း သတိရလိုက်သည်။