368

183 17 0
                                    

Chapter 368: ပြန်လမ်းမရှိသူ

“ဘာကြောင့်လဲ” ချင်ဝမ်ယွီ က သေသပ်စွာ ဆံပင်ဖီးထားသော လူအိုကြီးကို အံသြမှုဖြင့် စိုက်ကြည့်လိုက်သည်။ ယခင် ပုံစံအတိုင်း မျက်နှာဖြစ်သော်လည်း ရုတ်တရက် သူမ အဖို့ မရင်းနှီးသလိုဖြစ်လာသည်။

ဟုန်ကျုံး သက်ပြင်းချလိုက်သည်။ “ကျုပ် သေချာကို တောင်းပန်ရမှာပဲ။ သခင်မ မလုပ်သင့်ဆုံးအရာတစ်ခုက ကျုပ်ဆီကို ပြေးလာတာပဲ”

“ဘာကြောင့်လဲ” ချင်ဝမ်ယွီ စိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းများတွင် ဒေါသပြည့်နေသည်။ သူမစိတ်ထဲတွင် မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ ပေါ်လာခဲ့သည်။ သို့သော်လည်း ဟုန်ကျုံး သစ္စာဖောက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမ လုံးဝ တွေဝေနေသည်။ ဘာကြောင့် ဟုန်ကျုံးက ဒီလိုအရာမျိုး လုပ်ရတာလဲ။
သူမသည် ချူတိုင်းရှန် ၏ ဆေးခပ်ခံခဲ့ရပြီး ယခုအခါတွင် အကြောပိတ်ခံထားရသေးသည်။ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ ယခုအခါ သူမ စိတ်ထဲတွင် ဘာကြောင့်လဲ ဟူသော အတွေးတစ်ခုသာ ရှိနေတော့သည်။

“ကျုပ်မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူး...” ဟုန်ကျုံး ခေါင်းခါလိုက်သည်။ “အဲ့ဒီကိစ္စတွေကို အခုပြောနေလို့လည်း အသုံးမဝင်တော့ဘူး”

“ဒါပေမယ့် ဘာကြောင့်လဲဆိုတာကို ငါသိချင်တယ်” ချင်ဝမ်ယွီ အေးစက်စွာ ပြောလိုက်သည်။ “ချူကလန်က နင့်ကို အမြဲကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပဲ။ ငါ့ယောက်ျားနဲ့ ငါက အမြဲ နင့်ကို မိတ်ဆွေတစ်ယောက်လို သဘောထားခဲ့တယ်။ ချူတိုင်းရှန် ဘက်မှာနေလို့ ဘာအကျိုးအမြတ်ရမှာမလို့လဲ။ ငါတို့ ပေးခဲ့တာတွေထက် သူက ပိုပြီးတော့ ကမ်းလှမ်းခဲ့လို့လား”

“ချူတိုင်းရှန်...” ဟုန်ကျုံး၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ “အဲ့ဒီလူက တကယ်ကို အားကိုးမရတာပဲ။ ကျုပ်သာ အိမ်က အစောင့်တွေကို မဖယ်ထားခဲ့ရင် အခုလောက်ဆိုရင် သူ့ရဲ့ လုပ်ရပ်ကို တစ်အိမ်လုံး သိနေလောက်ပြီ”

“ဒါဆို နင့်လက်ချက်ပေါ့” ချင်ဝမ်ယွီ ရင်ဝကို အမှန်တရားက ဆောင့်ကန်လိုက်သည်။ ထို့ကြောင့် ဤလောက်အဖြစ်ကြီးဖြစ်ပေါ်နေတာတောင် မည်သူမှ လာရောက်မကူညီခဲ့ခြင်းဖြစ်နေသည်။ “အကယ်၍ ချူတိုင်းရှန် မဟုတ်ရင် နင့်ကို လာဘ်ထိုးထားတာက ဆန်းဟုန်လား။ ငါသိသလောက်ဆိုရင် နင့်ကို သိမ်းသွင်းနိုင်မည့် အရာ ဘာတစ်ခုမှ မရှိပါဘူး”
သူမ ပြောနေရင်း မျက်လုံးများ ရုတ်တရက် လင်းသွားသည်။ သူမစိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာသည်။ “ဟုန်ရှင်းယင်”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now