Chapter 383: ပျံဝဲကြာပွင့်ခြေလှမ်းများ
အပြာရောင် လက်ရိပ်က ရိုက်သောနေရာတိုင်း လက်ဝါးရာအကြီးကြီး ချန်ရစ်ခဲ့သည်။
လောင်မိုင်အထဲတွင် အသားပုံဖြစ်သွားပြီလား ဇူအန်ပင် တွေးမိသွားသည်။
လောင်မိုင်၏တကယ့်ရည်ရွယ်ချက်ကို ဇူအန်သံသယဝင်မိသော်လည်း သူတို့နှစ်ယောက်က အချိန်အတော်ကြာ အတူတူဖြတ်သန်းဖူးသဖြင့် လောင်မိုင်နိုင်ပါစေလို့ ဆုတောင်းမိသည်။
ဒါပေါ့ အကောင်းဆုံးကတော့ နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျသွားခြင်းပင်။ကံကောင်းစွာ လောင်မိုင်က ဒီလောက်လွယ်လွယ် မရှုံးပေ။ ဝေတန်ရှိရာဘက်ကို လောင်မိုင်လက်သီးတစ်ချက်ထိုးလိုက်ရာ လက်ကိုင်ပုဝါကြီး ဖောင်းကြွလာသည်။
ဝေတန် မျက်မှောင်ကြုံ့လာ၍ ရိုက်ချက်များ အရှိန်မြှင့်လိုက်သည်။ လက်ကိုင်ပုဝါကို အရေးတကြီး အမြန် ရိုက်လာသည်။
ဧရာမလက်ကိုင်ပုဝါကြီးပေါ်တွင် လက်ဝါးရာများစွာ ပေါ်လာသည်။တစ်ချိန်တည်းမှာပင် ပုဝါအတွင်းမှ လက်သီးရာများစွာ အဆက်မပြတ်ပေါ်လာသည်။သူတို့နှစ်ယောက်က ကွာဝေးနေသော်လည်း အချင်းချင်းတိုက်ခိုက်နေကြသည်။
ရုတ်တရက် လက်သည်းရှည်တစ်ခု လက်ကိုင်ပုဝါကိုဖောက်ထွက်လာသည်။ ဓားချွန်တစ်ချောင်းလို အောက်ကိုပိုင်းဖြတ်လာပြီး အပေါက်ကြီး ပေါ်လာသည်။အထဲတွင် ခရမ်းရောင်ကြာပွင့်ကြီးတစ်ခုပေါ်လာသည်။ လက်ကိုင်ပုဝါက ဆက်မချုပ်နိုင်တော့ဘဲ ရုတ်တရက်ပြေလျော့သွားကာ တစ်စစီ ဆုတ်ပြဲသွားလေသည်။
လောင်မိုင် အထဲမှ ထွက်လာသည်။ အနီးက တဲခေါင်မိုးပေါ် ခုန်တက်လိုက်ပြီး
"စိတ်မရှိပါနဲ့။ ကြည့်ရတာ ငါက မင်းရဲ့ကြယ်ပုဝါကို ဖျက်စီးလိုက်မိပြီထင်တယ်"ဝေတန်ခေါင်းယမ်းလိုက်သည်။
"မင်းလွတ်နိုင်တာ မင်းရဲ့အစွမ်းပဲ။ ဘာမှ တောင်းပန်စရာမလိုပါဘူး။ ငါတို့နောက်တုံးအကြိမ်တွေ့တုန်းကထက် မင်းကျင့်ကြံမှုက အများကြီးတိုးတက်လာတာကို ငါပိုအံ့သြတယ်"လောင်မိုင်ရယ်လိုက်သည်။
"မင်းကို ငါမပြောဘူးလား။ မတိုက်ရင် ဘယ်သူနိုင်မယ်ဆိုတာ ကြိုမပြောနိုင်ပါဘူးလ်ို့"