Chapter 282: အိမ်ရှေ့ပေါက်မှ ၀င်လာသူ
"ရှို့ဟုန်လေ လား"
ချင်ဝမ်ယွီ မျက်နှာက ကြောက်စရာကောင်းလာသည်။ သူတစ်ခါမမှ သူများအိမ်ပါသားမက်ကို ဒီလောက် ပေါ်တင်တန်းလန်းဆွဲနေသော မိန်းကလေး မမြင်ဖူးချေ။ချူချူယန်လည်း သဘောကျပုံမရပေ။ ဘယ်မိန်းမကမှ သူ့ယောက်ျားကို အပျော်မယ်တစ်ယောက်က ညနက်ကြီးလာရှာခြင်းကို မကြိုက်ပေ။
"ရှို့ဟုန်လေ က ဘယ်သူ့အတွက် ဒီကို ရောက်လာတာလဲ" ချူကျုန်းထန် သဘောမပေါက်သေးပေ။
"သခင်လေးကို" ချန်ရှို့ပင်း မျက်တောင်ခတ်လိုက်သည်။ အရင်နှစ်တုန်းက သခင်ကြီးလည်း ရှို့ဟုန်လေအလှကို ချီးမွမ်းဖူးတာ သူသိလေသည်။
သခင်ကြီး မနာလိုဖြစ်နေတာလား။
ဒါပေမဲ့ သခင်ကြီးက တကယ်လည်း သခင်လေးထက် အစစအရာရာသာတာပဲ။ သခင်လေးထက် နောက်ကောက်ကျတာဆိုလို့ မိန်းမပိုးတဲ့နည်းပဲရှိတာ။ချူကျုန်းထန်က ကိုယ်လုပ်တော်တစ်ယောက်မှ မထားဖူးချေ။ ချန်ရှို့ပင်းလည်း ထိုကိစ္စကြာင့် မီးဖိုချောင် အပို့ခံလိုက်ရသည်။
အခု သခင်လေးကို ကြည့်လိုက်ဦး။ သူအိမ်တော်ကို ဝင်တာမှမကြာသေးဘူး မိန်းမပေါင်းစုံ ရှိနေပြီ။
သခင်ကြီးရေ..အို..သခင်ကြီးရဲ့သမက်ဆီက ဒီပညာကို တကယ်သင်ဖို့ လိုနေပြီ။ထူးဆန်းသောအကြည့်များစွာကြောင့် ဇူအန် မျက်နှာပူလာသည်။
"သူက ကျုပ်နဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့ နေမှာပေါ့...ချက်ချင်း ပြန်လာခဲ့မယ်""ကိစ္စလား။ အပျော်မယ်တစ်ယောက်က ညကြီးသန်းခေါင် သူများယောက်ျားဆီကိုလာတာ ဘာကိစ္စရှိရဦးမှာလဲ။" ချင်ဝမ်ယွီ နှာမှုတ်လိုက်သည်။
"နင်သိလား ဒါက အခွင့်ကောင်းပဲ။ ဘာတွေရှိနေလဲ ငါကိုယ်တိုင်သွားကြည့်ရမယ်"ချူကျုန်းထန် ခေါင်းငြိမ့်လိုက်သည်။
"ငါလည်း တစ်ချက်ကြည့်သင့်တယ်"ချင်ဝမ်ယွီ သူ့ယောက်ျားကို အကြည့်တစ်ချက်ပို့လိုက်မိသည်။ ဘာဖြစ်နေလဲသိလို့ လိုက်ကြည့်မှာလား။ ရှို့ဟုန်လေကို စိတ်ဝင်စားလို့ လိုက်တာလား။
သို့သော် လူများစွာရှေ့တွင်ဖြစ်နေ၍ ထမပေါက်ကွဲပေ။
သူက ဇူအန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ဒါတွေအားလုံးက ဒီအသုံးမကျတဲ့ကောင်ကြောင့်ပဲ။