387

186 18 0
                                    

Chapter 387: အကောင်အထည်ဖော်ပြီ

ဇူအန် ရင်တစ်ချက်ထိတ်သွားပြီး ချက်ချင်းပြောလိုက်သည်။
"အကြီးအကဲက ကျုပ်ကို ကောင်းကောင်းဆက်ဆံတယ်လေ။ ကျုပ်အတွက် ဘဝပြောင်းပေးတဲ့ ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်"
ကောင်းကင်ဖီးနစ်ကျင့်စဉ်ကြောင့်သာ မဟုတ်ရင် ကျင့်ကြံဖို့အခြေခံမပြောနှင့် ကီးဘုတ်ကိုတောင် အသက်သွင်းလို့မရနိုင်ပေ။

"ကြည့်ရတာ မင်းလိုကလေးတစ်ယောက်က ကျေးဇူးသိတတ်ပုံပဲ။ ငါလုပ်ပေးရကျိုးနပ်တာပေါ့" လောင်မိုင် ခေါင်းငြိမ့်လာသည်။

ဘာကြောင့် ဒီအကြောင်းတွေ ပြောနေမှန်း ဇူအန် သိချင်သည်။

လောင်မိုင် ဆက်ပြောသည်။
"ငါတို့စကားဝိုင်းကို မင်းလည်းကြားတာပဲ။ ငါ့မှာ မွေးစားသားလည်း မရှိသလို အမွေဆက်ခံသူလည်း မရှိဘူး။ တစ်မျိုးပြောရရင် မင်းက ငါ့မွေးစားသား ငါ့အမွေဆက်ခံသူပဲ"

သူ့လေသံအတွင်းမှ အားနည်းမှုကို သတိထားမိလိုက်သော် ဇူအန် စိတ်ပျော့သွားရသည်။ သူက အသက်ဆုံးခါနီးတာ သေချာလေသည်။
"ကျုပ်က အကြီးအကဲရဲ့ ကြင်နာမှုကို မမေ့ပါဘူး။ အကြီးအကဲဆန္ဒရှိရင် တစ်သက်လုံး အလုပ်အကြွေးပြုပါ့မယ်”

"မင်းရဲ့ ကျေးဇူးသိတတ်မှုကို ငါအံ့သြပါတယ် " လောင်မိုင် ရယ်လိုက်သည်။
"ကံမကောင်းစွာနဲ့ ငါက အဲ့တာတွေ ခံစားနိုင်မှာမဟုတ်ဘူး"

"ဒဏ်ရာက ဒီလောက်တောင်ပြင်းလို့လား။ ခင်ဗျားရဲ့ ကျင့်ကြံမှု အဆင့်အရ အချိန်တစ်ခုလောက် နားလိုက်ရင် ပြန်ကောင်းသွားမှာပါ" ဇူအန် သူ့ကိုယ်ပိုင်ဆေးကို ပေးလိုက်ရန် စဉ်းစားနေသည်။ သူ့မှာ ချက်ချင်းပြန်ကောင်းစေနိုင်မယ့် နွေဦးကိုကြီးအပြင် ကျီတန်ထု၏ ဒဏ်ရာပျောက်ဆေး၊ ဝိညာဉ်ပြန်လာဆေးလုံး တွေလည်း ရှိလေသည်။ ဒီလူအိုကြီးရဲ့ဒဏ်ရာကို ကုသနိုင်လောက်သည်။
သို့သော် လောင်မိုင်နှင့်ဝေတန်ကြားက ကောက်ကျစ်လှသောနောက်ဆုံးပြိုင်ပွဲက ပူပူနွေးနွေးပင် ရှိနေသေးသည်။ သူတစ်ချိန်လုံး ဇဝေဇဝါဖြစ်နေရသော သံသယများကို အလွယ်တကူမေ့ပစ်လိမ့်မည်မဟုတ်ပေ။ ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ဘာပဲဖြစ်ဖြစ် ဒီလူအိုကြီး အသက်တစ်မျှင်ရှိနေသေးသရွေ့ ပြန်ကယ်နိုင်သည်ပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now