213

327 43 0
                                    

Chapter 213: ရှေ့ဖြစ်ဟောသူလား

ဇူအန် အိပ်ပျော်နေသော ကျီရှောင်ချီကို ကြည့်၍ တစ်ယောက်တည်း ထားခဲ့ရန် စိတ်မချချေ။ ထို့ကြောင့် သူ့ကိုပါ ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ကျီရှောင်ချီ၏ အသက်ရှုသံမှန်မှန်က မည်မျှ အိပ်မောကျနေကြောင်း ပြနေ၍ ဇူအန် မနှိုးရက်ပေ။ ထို့ကြောင့် ပွေ့ချီလိုက်သည်။

"အမ်း..." ကျီရှောင်ချီ ဇူအန်လှုပ်ရှားမှုကို မသိ၍ထင်။ သက်တောင့်သက်သာ ဖြစ်မည့် အနေအထားကိုပြင်၍ ရင်ဘတ်ကိုမှီကာ အိပ်ပျော်နေသည်။
ဇူအန် ကြောင်တစ်ကောင်ကို ပွေ့ထားရသလို ခံစားလိုက်ရပြီး စိတ်ငြိမ်သွားသည်။

တစ်ဖက်တွင် ရှောင်းရွှယ်ယင်ကမူ မြစ်ရေကြည်ကြည်ကိုမြင်သောကြောင့် ဝမ်းသာအားရဖြစ်သွားပြီး ဇူအန်ကို တစ်ခုခုပြောရန် လှည့်ကြည့်လိုက်သည်။ သို့သော် ဇူအန် ကျီရှောင်ချီကို တယုတယ ပွေ့ချီထားသော မြင်ကွင်းကို တွေ့လိုက်ရသည်။

ချက်ချင်း စိတ်မကြည်မလင်ဖြစ်သွား၍ ပြောလိုက်သည်။
"သေချာ ကင်းစောင့်ထားနော်။ ဘယ်သူ့ကိုမှ အနားမလာစေနဲ့"

"စိတ်မပူနဲ့။ တစ်ခြားလူ ရောက်လာရင် ငါပဲ ရှုံးရမှာ။ ဒီကိစ္စကို ငါသေချာလုပ်မှာပါ" ဇူအန် ပြန်ဖြေသည်။

ဟမ့် တကယ်ရှုံးတဲ့လူက ငါလေ။
ရှောင်းရွှယ်ယင် တွေးလိုက်ပြီး
"ပြီးတော့ နင်လည်း ချောင်းမကြည့်နဲ့။ မဟုတ်ရင် နင့်မျက်လုံးတွေ ဖောက်ထုတ်ပစ်မယ်"

"ဟေး ဒါတော့ နည်းနည်းလွန်သွားပြီ။ ငါတို့က သေခြင်းတရားကို အတူရင်ဆိုင်လာတဲ့ ရဲဘော်တွေလေ မှတ်မိလား။ ပြီးတော့ မင်းမှာရှိတာ ငါ အကုန်မြင်ပြီးသားပဲ။ ငါမင်းကို တစ်ချက်ကြည့်လို့ မင်းအသားပဲ့ပါသွားတာမှ မဟုတ်တာ" ဇူအန် မကျေမနပ် ပြောလိုက်သည်။

"နင်" ရှောင်းရွှယ်ယင် ဒေါသထွက်လာ၍ ဆံပင်များ ရှည်ထွက်လာသည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၄၀၄ ရယူလိုက်သည်။

ဇူအန် လန့်သွားသည်။
"ခဏလေး စိတ်လျှော့ ။ ကောင်းပြီလေ။ ငါမကြည့်ဘူး ဟုတ်ပြီလား။ မင်းက ကြည့်ဖို့ တန်တဲ့ပစ္စည်းလည်း ရှိတာမှမဟုတ်တာ"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now