Chapter 347: သဝန်တိုမှု ပင်လယ်
ဇူအန်က သူမကို မျက်လုံးစွေစောင်းကြည့်လိုက်သည်။ “ဘယ်ကလန်ရဲ့ ခွေးက အရမ်းအသံဆူညံနေတာလဲမသိဘူး”
ဝူချင်း ဒေါသပေါက်ကွဲသွားသည်။ စားပွဲကို ရိုက်ကာ ခြေဆောင့်လိုက်သည်။ “ဘယ်သူ့ကို ပြောချင်တာလဲ”
သင်သည် ဝူချင်း ထံမှ အမျက်ပွိုင့် ၃၃၅ ရရှိလိုက်သည်။
အနားတွင်ရှိနေသော ပန်လုန် နှင့် ဖူဖုန်း တို့လည်း သူမကို ကူလိုက်ကြသည်။
“မင်းက ငါတို့မမလေးဝူကို ခွေးတစ်ကောင်လို့ ခေါ်တယ်ရဲပေါ့။ မင်း တကယ် အတင့်ရဲတာပဲ”“အမှန်ပဲ။ မင်းရဲ့ စကားလုံးတွေက အရမ်းရိုင်းတယ်။ သာမန်လူတစ်ယောက်ဆီကနေ ဒီလိုစကားတွေထွက်လာမယ်လို့ ထင်သားပဲ။ ချူကလန်က မင်းကို ခေါ်သွင်းထားတာတောင် အထက်တန်းလွှာ တစ်ယောက်လိုမျိုး ဘယ်လိုပြုမူရမလဲဆိုတာကို မသင်ယူနိုင်ဘူး”
သင်သည် ပန်လုန် ထံမှအမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။
သင်သည် ဖူဖုန်း ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။ဇူအန် နှာခေါင်းရှုံ့လိုက်သည်။ “ဘယ်သူက သူ့ကို ခွေးလို့ ပြောလို့လဲ။ ဒါပေမယ့် မင်းတို့နှစ်ယောက် က ဆတ်ဆတ်ထိမခံဖြစ်နေတော့...ရိုးရိုးသားသားပြောရရင် မင်းတို့နှစ်ယောက် က မင်းတို့ သခင်မလေးကို ခွေးတစ်ကောင်နဲ့ ဘယ်လိုတောင် ခိုင်းနှိုင်းရဲတာလဲ။ သူ့ကို အဲ့ဒီလောက်တောင် မုန်းကြတာလား။ နောက်ဆုံးတော့ မင်းတို့ရဲ့ အငြိုးတွေကို မထိန်းထားနိုင်တော့ဘူးလား”
ဝူချင်း၏ အာရုံမှာ ထိုသူတို့ဘက်သို့ လှည့်သွားသည်။ သူမ၏ အဖော်နှစ်ယောက်ကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ဇူအန်က ၎င်းမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။ သူ၏ ယခင်ကမ္ဘာမှ အွန်လိုင်းဆွေးနွေးပွဲများ၏ ဆရာတစ်ဆူအနေဖြင့် သူ၏လက်ထဲတွင် လှည့်ကွက်များ လုံလောက်သည်ထက် ပိုနေသေးသည်။
“လုံးဝမဟုတ်ဘူး။ ငါတို့တွေက သခင်မလေးဝူကို ဘယ်တော့မှ မလေးမစားလုပ်ရဲမှာ မဟုတ်ဘူး” ပန်လုန်နှင့် ဖူဖုန်းတို့ က ချက်ချင်း ပျာယာခတ်ကာ ခုခံလိုက်ကြသည်။