Chapter 357: လုယက်သတ်ဖြတ်
လေလံပွဲတစ်ခုလုံး ပွက်လောရိုက်သွားသည်။ တစ်ယောက်မှ ဒီလိုကိစ္စမျိုးကြုံရမည်ဟု မထင်ထားပေ။
ပိုသတ္တိနည်းသူတစ်ချို့က ချက်ချင်းပြေးသွားကြသည်။ နောက်ခံကောင်းသောလူများနှင့် ကျင့်ကြံမှုမြင့်သောသူများက အခြေအနေကို ဆက်လက်စောင့်ကြည့်ရန် ရပ်နေကြသည်။
မှောင်ခိုစျေးကွက်အတွက် အလုပ်လုပ်ပေးနေသူများများ ထိတ်လန့်သွားကြပြီး လေလံပွဲကို အစောင့်များစွာ ဝန်းရံလိုက်သည်။လေလံပွဲကိုတာဝန်ယူထားသော မိန်းမပျိုလေးမှာ ထိုလူများထံ ခေါင်းခါပြသည်ာ ထို့နောက် အပြုံးတစ်ခုလုပ်၍ ဆန်းရှန်ထံ လျှောက်လာလေသည်။
"သခင်လေး ဒီမှာ တစ်ခုခုတော့ အထင်လွဲနေပုံပါပဲ။ ကျွန်မတို့ပစ္စည်းအားလုံးက အာဏာပိုင်တွေနဲ့ ရှင်းထားပြီးသားပါ"
ထိုသို့ပြောရင်း ငွေလွှဲစာရွက်တစ်ချို့ ထုတ်ပေးလိုက်သည်။လပြည့်မြို့၏ မှောင်ခိုစျေးကွက်က နှစ်ပေါင်းများစွာ ကျယ်ပြန့်လာသည်။ ထ်ုသို့ဖြစ် အစိုးရအရာရှိများနှင့်လည်း အဆက်အသွယ်ရှိမှ ရလေသည်။ ကြိုတင်၍ လာဘ်ထိုးပြီးသားဖြစ်ပြီး အခုပေးသောငွေလွှဲစာရွက်များက လိုရမယ်ရ ပြင်ထားခြင်းပင်။
ဆန်းရှန် သူ့ကို တွန်းလွှတ်လိုက်သည်။
"ငါ့ကို ဒီလိုအကွက်တွေ လာမလုပ်နဲ့။ ရှာကြစမ်း""ဟုတ်ကဲ့"ထို နောက်လိုက်များက စင်ပေါ်သို့ ချက်ချင်းခုန်တက်ကြသည်။လေလံပွဲမှ အခြားပစ္စည်းများက ရောင်းချပြီးဖြစ်၍ ဆားလက်မှတ်များသာ ကျန်ရှိတော့သည်။
ချင်ဝမ်ယွီ လန့်သွားသည်။
"သူ့လူတွေအကုန်လုံး ခေါ်လာမှာမဟုတ်ဘူးလို့ မင်းမပြောဘူးလား။ ဘာတွေဖြစ်နေတာလဲ။ " တိုးတိုးတိတ်တိတ် မေးလိုက်သည်။ဇူအန် သူတို့အဝတ်အစားများကို ထောက်ပ၍
"ကြည့်လိုက်။ ဘယ်သူမှ အရာရှိယူနီဖောင်း ဝတ်မထားဘူး။ သူတို့အားလုံး အရပ်ဝတ်နဲ့။ ပြီးတော့ ဆန်းရှန် ဝင်လာလာချင်းပြောတာက သူ့ကို မှောင်ခိုပစ္စည်းတွေ အကြောင်းသတင်းရထားတယ်ပြောတာ။ ဆားလက်မှတ်လို့ ထည့်မပြောသွားဘူး။ ဒီကိစ္စကို သူတို့ တိတ်တဆိတ်ဖြေရှင်းချင်တာ သိသာတယ်"