Chapter 393: အထူးလေ့ကျင့်ရေး
ဇူအန်ရယ်လိုက်သည်။
"အခုတော့ လုံလောက်တာထက် ပိုနေပါပြီ။ ဒီအစွမ်းက ကျုပ်ကျင့်ကြံမှုမြင့်လာတာနဲ့အမျှ တိုးတက်လာမှာပဲ"အစပိုင်းတော့ မဟာလေပြင်းကို တစ်ကြိမ်သုံးရုံဖြင့် သူ့ကီအားလုံးကုန်သွားလေ့ရှိသည်။
အခုတော့ အကြိမ်များစွာ ဆက်တိုက်သုံးနိုင်လာပြီး တစ်ခါသုံးလျှင် ရောက်နိုင်သောအကွာအဝေးကလည်း ပိုဝေးလာသည်။
တေးသံတစ်ရာ၏ စိတ်ထိန်းချုပ်အစွမ်းလည်း ထို့နည်းလည်းကောင်း ဖြစ်နိုင်သည်။မိန်လိအမူအရာ လေးနက်သွားသည်။
"ဒီကိစ္စကို မင်းလွယ်လွယ်မတွက်သင့်ဘူး။ ဝိညာဉ်ဒြပ်စင်က တစ်ခြားဒြပ်စင်တွေထက် ပိုရှားတယ်။ အစွမ်းထက်ပေမဲ့ သူက နှစ်ဖက်ချွန်ဓားသွားလိုပဲ။ မင်းထက်ပိုအားကောင်းတဲ့လူ ဒါမှမဟုတ် မင်းထက် စိတ်ဓာတ်ပိုခိုင်မာတဲ့သူအပေါ်သုံးရင် မင်းအလွယ်တကူ ပြန်ခံရနိုင်တယ်။ ပြီးတော့ ဒဏ်ရာအပြင်းအထန် ရနိုင်သေးတယ်။ အဆိုးဆုံး မင်းဝိညာဉ်တောင် ဖျက်စီးခံရနိုင်တယ်။ မင်းက အသိစိတ်မရှိတဲ့ လူသားသစ်ပင်ကြီး ဖြစ်သွားမှာ""စိတ်လျှော့ပါ။ ကျုပ်က အဲ့လောက် မတုံးပါဘူး။ ကျုပ်ထက် ကျင့်ကြံမှုပိုကောင်းတဲ့သူအပေါ် ဘယ်သုံးမှာလဲ" ဒီအစွမ်းက သူ့ဝိညာဉ်နှင့် ချိတ်ဆက်ထားခြင်းမဟုတ်သဖြင့်မိန်လိပြောသောစကားက သူ့အတွက် မသက်ရောက်ကြောင်း ဇူအန်သိသည်။ သို့သော် မိန်လိဘာကြောင့်ပြောနေကြောင်းသိသဖြင့် ဇူအန် သူမ ကျေနပ်အောင် အလိုက်အထိုက် ပြောလိုက်သည်။
မိန်လိ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ ငါ့ကို လက်သီးတစ်ချက် ထိုးလိုက်"ဇူအန် နားမလည်စွာ ကြည့်လာသည်။
"အားကုန်သုံးလိုက်။ ငါတစ်ခုခု စမ်းကြည့်ချင်လို့"မိန်လိ ပြောသည်။
ဇူအန် အနည်းငယ် စိုးရိမ်သွားသည်။
"ကျုပ်...ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ "
လောလောဆယ် တစ်ကိုယ်လုံး အားအင်ပြည့်နေသည်ဟု ခံစားရသည်။
မိန်လိသာ အခြေအနေကောင်းနေလျှင် ဇူအန် စိုးရိမ်မည်မဟုတ်ပေ။ သူ့အင်အားဆယ်ဆကတောင် မိန်လိကို နည်းနည်းမှ ထိခိုက်စေမည်မဟုတ်ပေ။
သို့သော် မိန်လိက လက်ရှိ ဝိညာဉ်တစ်ခုသာရှိပြီး အများကြီး အားနည်းနေသည်။ ထို့ကြောင့် စိတ်ပူနေရခြင်းပင်။