Chapter 326: အဆင့်မမှီသော ဧည့်သည်
ကျန်းတန်ဘေးတွင် ရှိနေသော မိန်းကလေးကို ဇူအန် သတိထားမိပြီးသားဖြစ်သည်။ သူမတွင် ကျော့ရှင်းသော မျက်ခုံး မျက်တောင် နှင့် ဘဲဥပုံ မျက်နှာဟန်ထားရှိသည်။ ရွှေရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ကျက်သရေရှိမှု တစ်ရပ်က သူမ အနားတွင် ရစ်ဝဲနေသည်။
၎င်းသည် ငယ်စဉ်ကတည်းက ကျင့်ကြံအားထုတ်ခဲ့ခြင်း၏ အော်ရာတစ်ခုဖြစ်သည်။ သူမ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ဆောင်ထားသည်။
စွဲမက်ဖွယ်မျက်ဝန်း တစ်စုံက နှလုံးသားကို စကားပြောဆိုနေဟန်ရှိကာ သူမ၏ တည်ရှိမှုတစ်ခုလုံးကို အလှတရား၊ တင့်တယ်မှု၊ သိမ်မွေ့သော နန်းဆန်မှု စသဖြင့် ဖော်ပြလို့ရနေသည်။သူမ၏ ဘေးတွင် အနေအထိုင်တတ်သော ညို့ငင်မှုရှိသော ကျန်းတန် လည်း ရှိနေသဖြင့် ဤမြင်ကွင်းသည် အမှန်တကယ်ကို ခမ်းနားလှပသော မြင်ကွင်းတစ်ခုဖြစ်နေသည်။
သူမက ဇူအန်ကို အကဲခတ်နေခဲ့သည်။ ကျန်းတန်၏ ထင်မှတ်မထားသော တံတောင်တွတ်လိုက်မှုကြောင့် ဇူအန် လက်ထဲသို့ လဲကျလုနီးပါးဖြစ်သွားရသည်။
ကျန်းတန်ကို အလိုမကျသော အကြည့်တစ်ခုပေးလိုက်သည်။ ထို့နောက် ဇူအန့်ကို မိတ်ဆက်လိုက်သည်။“မင်္ဂလာပါ ကျောင်းတော်သား ဇူ။ ဒါက ကျွန်မတို့ရဲ့ ပထမဆုံး ဆုံတွေ့မှုပါ။ ကျွန်မကို ချီဒေါင်ရင်း လို့ခေါ်တယ်။ နောက်ဆိုရင် ကျွန်မကို လမ်းညွှန်ပြသမှုတစ်ချို့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဇူအန်က သူမကို ချီးကျူးရမည်ဖြစ်သည်။ ဤရုတ်တရက် ဖြစ်သွားသော ရှက်ရွံဖွယ် အခြေအနေ တွင်တောင်မှ သူမထံမှ ယုံကြည်မှု အပြည့်ရှိသော အာရုံတစ်ခု ထုတ်ပေးနေဆဲ ဖြစ်သည်။ သဘောထားကြီးခြင်းနှင့် ကိုယ်ဟန်မပျက်ခြင်း တို့ကို ဖြစ်ပေါ်စေကာ ပုံမှန်အတိုင်းဖြစ်စေခဲ့သည်။
“မိန်းကလေးချီ က နောက်နေတာပဲ ဖြစ်မယ်။ ဒါက ကျုပ်တို့ရဲ့ ပထမဆုံး ဆုံတွေ့မှုဆိုတာ မဟုတ်တာသေချာပါတယ်”ဇူအန် က မပွင့်တပွင့်ပြုံးလိုက်သည်။
ချီဒေါင်ရင်း၏ နှလုံးအိမ်မှာ လည်ချောင်းထဲသို့ ခုန်လုနီးပါးဖြစ်သွားသည်။ အင်မော်တယ်ဗိမ္မာန် တွင် သူမရှိခဲ့ကြောင်းကို ရှာတွေ့သွားခဲ့ခြင်းဖြစ်နိုင်နေသည်။ သို့သော်လည်း သူမ၏ တုန်လှုပ်မှုကို ထိန်းကာ အမြန်ပြောလိုက်သည်။
“ဟုတ်တာပေါ့။ ကလန်ပြိုင်ပွဲ မှာတုန်းက ရှင့်ရဲ့ ရဲရင့်တဲ့ သရုပ်ပြမှုတွေကို ကြည့်ရှု့ခဲ့ရတယ်လေ။ ပြီးတော့ အကယ်ဒမီမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးကြတာပဲ”