Chpater 339: ဒဏ်ကြေး
ချူချူယန်၏ လေးနက်သောမျက်နှာကြောင့် ဇူအန် အတော်လေး ထိတ်လန့်သွားရသည်။ “ဘာဖြစ်လို့လဲ”
“အစည်းအဝေးခန်းကို လိုက်ခဲ့။ လမ်းမှာ ကျွန်မ အားလုံးပြောပြမယ်” ချူချူယန်က သူ၏လက်ကိုဆွဲကာ အိမ်တော်အတွင်းသို့ လျှောက်လှမ်းသွားသည်။
“ကျွန်မအဖေကို နေ၀န်းမြို့ထဲမှာ ဆန်းဟုန်က ထိန်းသိမ်းထားတယ်” ချူချူယန် ပြောလိုက်သည်။ဇူအန် တုန်လှုပ်သွားသည်။ “ဘာ။ ယောက္ခထီး က အာဏာရှိတဲ့ မြို့ဝန်ပဲ ကို။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း အရမ်းမြင့်မားတာပဲလေ။ ဆန်းဟုန်က သူ့ကို ဘယ်လိုလုပ် ဖမ်းဆီးရဲရတာလဲ။ သူလုပ်ရဲရင်တောင်မှ အဲ့ဒါ တရားဝင်တဲ့ အကြောင်းအရင်းရှိနေမှာ မှ မဟုတ်ဘဲ”
“သူ့မှာ အကြောင်းပြချက်ရှိတယ်” ချူချူယန် ရှင်းပြလိုက်သည်။ “ဒါတွေအားလုံး က ဆား ခွင့်ပြုမိန့် တွေကြောင့်ပဲ”
ချူချူယန် ရှင်းပြလိုက်သောအခါမှ ဇူအန် အဆုံးတွင် အကြောင်းစုံကို သိလိုက်ရသည်။ချန်ရွှမ်း ၏ နှိပ်စက်မှုအောက်တွင် ဝမ်ယွမ်လုံ က ဝမ်ကလန်၏ ဆား ခွင့်ပြုမိန့် များ ပို့ဆောင်ရေးလမ်းကြောင်းနှင့် ကုန်တန်း၏ အချိန်ကို ထုတ်ဖော်ခဲ့သည်။
ဆား ခွင့်ပြုမိန့် များမှာ လပြည့်မြို့ နှင့် နှစ်ရက်ခရီးအကွာတွင်ရှိနေခဲ့သည်။
ချန်ရွှမ်းက သူ၏လူများကို ချက်ချင်းစေလွှတ်ကာ ဆား ခွင့်ပြုမိန့် များကို သိမ်းပိုက်စေခဲ့သည်။ဝမ်အိမ်တော်မှာ အခြေစိုက်စခန်းများတိုက်ခိုက်ခံရပြီးနောက် ယိမ်းယိုင်နေပြီးသားဖြစ်သည်။ ထို့အပြင် ဤဆား ခွင့်ပြုမိန့် များအတွက် ရန်ပုံငွေ စုမိရုံသာ စီမံနိုင်ခဲ့သည်။
အချိန်တစ်ခုအထိ နောက်ထပ် ဆား ခွင့်ပြုမိန့် များ ရယူရန် သူတို့အတွက် နည်းလမ်းမရှိတော့ပေ။
ထို့အပြင် ချူအိမ်တော်က သူတို့၏ ဆားသိုလှောင်မှုကို စျေးကွက်သို့ ပို့ရန် ဝမ်အိမ်တော်၏ အကူအညီကို လိုအပ်သည်။ဝမ်အိမ်တော်မှာလည်း ရွေးချယ်စရာမရှိဘဲ ချူကျုန်းတန်ကို အကူအညီတောင်းရတော့သည်။ မိတ်ဆွေအပေါ် ကရုဏာနှင့် ချူအိမ်၏ ကိုယ်ပိုင်အခြေအနေရပ်များကို ထည့်စဉ်းစားကာ ချူကျုန်းထန်က ကြိုတင်ဆား ခွင့်ပြုမိန့် များကို အခိုးခံလိုက်ရသော ခွင့်ပြုမိန့် များအဖြစ် လွှဲပေးရန် ဆုံးဖြတ်ခဲ့သည်။
၎င်းရုန်းကန်ရသည့် အချိန်ကာလကို ဝမ်အိမ်တော်က အဆုံးတွင် ကျော်ဖြတ်နိုင်ခဲ့ပါက ကြိုတင်ဆားခွင့်ပြုမိန့်များကိုလည်း အစားထိုးနိုင်မည်ဖြစ်သည်။ အရာအားလုံးကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထားရှိရမည်ဖြစ်သည်။