Chapter 388: ပြေး
လောင်မိုင်၏ ရက်စက်သောမျက်နှာထားကိုမြင်လိုက်သော် ဇူအန် အသည်းအသန် ရှောင်လေသည်။
ချူအိမ်တွင် ဘုမသိဘမသိ အဖမ်းခံလိုက်ရခြင်းက သူသတိလက်လွှတ်ဖြစ်နေလို့ပင်။ သေချာသတိထားနေတဲ့အချိန်မှာ တူညီသောအဖြစ်မျိုး ဒီလောက်လွယ်လွယ် အဖြစ်မခံနိုင်ပေ။လောင်မိုင် လှောင်လိုက်မိသည်။
မင်းကို နေကြာပန်းလှိုင်း သင်ပေးတဲ့လူက ငါပါ။ ဆရာ့ရှေ့မှာ လာပြီး ကြွားပြနေတာလား။ထို့ကြောင့် ဇူအန်ရှိနိုင်မည့်နေရာကို မှန်း၍ လှမ်းဖမ်းဆုတ်လိုက်သည်။
ဇူအန်ကိုဖမ်း၍ မေ့အောင်လုပ်ပြီးမှသာ ဝိညာဉ်ပူးကပ်ခြင်းကို ဆက်လုပ်နိုင်တော့မည်။ အောင်မြင်နိုင်ခြေနည်းသွားမည်ဖြစ်သော်လည်း အားသာမှုက သူ့လက်ထဲရှိနေသေးသည်။ ဒါက စွန့်စားဖို့ လုံလောက်လေသည်။"မင်းကို မိပြီ" လောင်မိုင် ဇူအန်ကို ဖမ်းမိလိုက်သည်။ သို့သော် ချက်ချင်း သူ့အပြုံးကြီး တောင့်သွားသည်။
ထိုပုံရိပ်က ချက်ချင်း ပြိုကွဲသွားသည်ာ ကိုယ်ပွားအတုကြီး ဖမ်းမိလိုက်ကြောင်း သိသွားလေသည်။"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ " လောင်မိုင် ရုတ်တရက် တစ်ခြားဖက်ခြမ်းရှိ ဇူအန်ထံ လှမ်းကြည့်လိုက်မိသည်။
သူက နေကြာပန်းလှိုင်းကို သင်ပေးတဲ့လူလေ။ဒီကောင်စုတ်ထက် အများကြီး ဒီပညာကို ကျွမ်းဝင်နားလည်တယ်။ ဘာလို့ ဒီလိုတွေ ဖြစ်သွားတာလဲ။
ဒီလူငယ်က ပုံရိပ်နှစ်ခု ခွဲထုတ်လိုက်နိုင်တယ်။ ပြီးတော့ လက်နဲ့ မထိတွေ့ခင် အတုနဲ့အစစ်ကို ဘယ်လိုမှ ခွဲခြားမရချေ။ သူတို့ရဲ့ အရှိန်အဝါ၊ ကီလည်ပတ်မှု အရာအားလုံး ချွတ်စွပ် တူနေသည်။"မင်းဘယ်လိုလုပ် ဒီအဆင့်ထိ ရောက်လာတာလဲ" လောင်မိုင် ဇူအန်ကို စိုက်ကြည့်မိသည်။ ဇူအန်နေကြာပန်းလှိုင်းကျင့်နေစဉ် တစ်ခုခု ကြုံတွေ့ခဲ့ရသည်ဟု မှတ်ယူလိုက်ခြင်းပင်။
ဒီလိုကိစ္စမျိုး အရင်က ဖြစ်ဖူးသည်။ လောကတွင် ဆန်းပြားလှသော သိုင်းပညာများစွာရှိပြီး အများစုက တိုက်ဆိုင်မှုများ မတော်တဆများက ဖြစ်ပေါ်လာခြင်းပင်။