267

277 39 0
                                    

Chapter 267: စစ်အေးတိုက်ပွဲ

ချင်ဝမ်ယွီ စိတ်ပြန်စုစည်းရန် အချိနိအတော်ယူလိုက်ရသည်။ သူမ၏ သမီးဖြစ်သူကို တအံ့တသြ ကြည့်လိုက်သည်။ “သမားတော်ပေါင်းယွဲ့လု တောင်မှ ဘာမှမတတ်နိုင်ခဲတာကို သူက ဘယ်လိုလုပ်ပြီးတော့ ကုသနည်း အမှန်ကို သိနေရတာလဲ။ သူ ဆေးပညာတတ်ကျွမ်းတယ်လို့ ငါ မကြားမိပါဘူး”

“အဲ့ဒါကို သူ့ရဲ့ ထူးဆန်းတဲ့ ဆရာဆီကနေ သင်ခဲ့တာ ဖြစ်နိုင်တယ်” ချူချူယန်က ဇူအန်ကို ရှက်သွေးဖြာကာ ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ “သမီး ကိုယ်ထဲကနေ အအေးဓာတ်ကို အပ်စိုက်ကုထုံး သုံးပြီးတော့ နည်းနည်းချင်းစီ ထုတ်ပေးခဲ့တယ်။ သမီးရဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကိုတောင် အာရုံခံလို့ရခဲ့တယ်”

“အပ်စိုက်ကုထုံး ဟုတ်လား” ချင်ဝမ်ယွီ ၏ အမူအရာမှာ ပိုမိုကြီးသွားကာ အလျှင်အမြန်ပြောလိုက်သည်။ “သမားတော်ပေါင်း နဲ့ နတ်ဆေးဆရာ ကျီ တို့ပြောဖူးတာရှိတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်က ကွဲပြားကြတယ်တဲ့။ သမီးရဲ့ ခန္ဓာကိုယ်အခြေအနေကို သေချာမသိဘဲနဲ့ ဒီလိုနည်းလမ်းနဲ့ အအေးဓာတ်ကို ဖယ်ရှားဖို့ကြိုးစားတာက သမီးရဲ့ အခြေအနေမှာ အစားထိုးလို့မရတဲ့ ထိခိုက်မှုတွေ အလွယ်တကူဖြစ်စေနိုင်တယ်။ ဒီကုသမှုကို ချက်ချင်းရပ်လိုက်တော့။ စွန့်စားလွန်းရာကျတဲ့ တစ်ခုခုကို လုပ်ဖို့ ခွင့်မပြုပေးနိုင်ဘူး”

“သူက မတူဘူးအမေရဲ့... သူက သမီးရဲ့ ကိုယ်အကြောင်းကို ကောင်းကောင်းသိတယ်” ချူချူယန် ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်သည်။ သူမ၏ နားရွက်များလည်း စတင် ရဲတွတ်လာသည်။

သူမ၏ စကားကို ကြိုးစား၍ အဓိပ္ပါယ် ဖော်ရန် ချင်ဝမ်ယွီ ၏ မျက်လုံးများ ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားသည်။
ဘာကို ပြောချင်တာလဲ။ ခန္ဓာကိုယ်ကို သူက ကောင်းကောင်းသိတယ်ဟုတ်လား။

ချူချူယန်တွင် ရွေးချယ်စရာမရှိဘဲ မြေအောက်ဂူထဲမှ အဖြစ်အပျက်ကို အချို့တစ်၀က် လိမ်လည်ကာ ပြောပြလိုက်သည်။ သူမ အလျှင်အမြန် ထပ်ဖြည့်လိုက်သည်။
“ အဲ့ဒါက သူ့ဆရာဆီကနေ သင်ခဲ့တဲ့ နည်းက ထူးခြားတဲ့အတွက်ကြောင့်လို့ သမီးထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမီးရဲ့ အခြေအနေက ကောင်းကောင်းမွန်မွန် တိုးတက်လာတာကို သေချာခံစားနေရတာပဲလေ။ ဒီရက်တွေမှည သမီးရဲ့ ခန္ဓာကိုယ်က ပိုပြီးတော့ နွေးထွေးလာတယ်ဆိုတာကို အမေလည်း ပြောနိုင်တယ်မဟုတ်လား”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now