Chapter 211: ဉာဏ်ရည်နိမ့်သတ္တဝါ
"ဘယ်သူက နင့်ကို စိတ်ပူပေးနေလို့လဲ။ မိန်းကလေးချူ အစား ငါက နင့်ကို သတိပေးရုံပဲ။ အခု ငါ နေလို့သိပ်မကောင်းဘူး။ ဒါကြောင့် နင့်ကို စကားထပ်မပြောတော့ဘူး" ရှောင်းရွှယ်ယင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူမ၏ စကားဆုံးပြီးနောက် ခန္ဓာကိုယ်ကို အနောက်လှည့်ကာ သူမ အိပ်တော့မည့်သကဲ့သို့ သူ့ကို ကျောပေးလိုက်သည်။ကျီရှောင်ချီ က ဇူအန်၏ လက်ကို ဆွဲကာ ပြောလိုက်သည်။ "မိန်းကလေး ရှောင်းက ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ်။ သူ ပြန်ကောင်းဖို့အတွက် ကောင်းကောင်းအနားယူဖို့လိုအပ်တယ်။ ဒါကြောင့် သူ့ကို ရှင် မနှောက်ယှက်သင့်ဘူး"
ဇူအန် ရယ်မောလိုက်သည်။ ဒီကောင်မလေးကတော့ အရင်အတိုင်း လူတစ်ယောက်ကို အကောင်းမြင်နေသေးတာပဲ။ ရှောင်းရွှယ်ယင် က အိပ်ချင်ယောင်ဆောင်နေတယ်ဆိုတာ မသိသာဘူးလား။
"ကောင်းပြီလေ။ ဒါဆို ငါတို့ ဘေးမှာသွားပြီးတော့ စကားပြောကြတာပေါ့။ သူ့ရဲ့ အနားယူမှုကို မနှောင့်ယှက်ကြစို့" ဇူအန်က သူမကို ပြောစရာစကားတစ်ခုခုရှိနေသည်။ထွက်ခွာသွားသော ခြေလှမ်းသံများကို နားထောင်ရင်း အိပ်ချင်ယောင်ဆောင်နေသော ရှောင်းရွှယ်ယင်း က ဒေါသတကြီးအံကြိတ်နေသည်။ ငါ့ရဲ့ နောက်ကွယ်မှာပြောစရာလိုရလောက်အောင် အဲ့ဒီကောင်က ဘာတွေ ပြောချင်နေတာလဲမသိဘူး။
သင်သည် ရှောင်ရွှယ်ယင်း ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။
ရောက်လာသော အမျက်ပွိုင့် ကို ကြည့်ရင်း ဇူအန်ပျော်ရွှင်နေသည်။
"အစ်ကိုဇူ က ဘာကို ရယ်တာလဲ" ကျီရှောင်ချီ က သူ့ကို သူမ၏ ဝိုင်းစက်လှပသော အပြစ်ကင်းသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
"ဘာမှမဟုတ်ပါဘူး" ဇူအန် ဖြေလိုက်သည်။ "ငါ့ကို ဘာဖြစ်လို့ အစ်ကိုဇူလို့ ထပ်ခေါ်ရပြန်တာလဲ။ ငါ့ကို အားဇူ လို့ခေါ်"
"အို.." ထိုကဲ့သို့ ခေါ်ဝေါ်ခြင်းကို ဇူအန် အဘယ်ကြောင့် အထိမခံဖြစ်နေသည်ကို ကျီရှောင်ချီ နားမလည်ပေ။