Chapter 226: မျှော်လင့်ချက်မဲ့
ချင်ဝမ်ယွီ ထိတ်လန့်သွားသည်။ ချူအိမ်ကို ညသန်းခေါင် ကျူးကျော်လာသူတစ်ယောက်က အဆင့် ၈ဖြစ်နေကြောင်း မယုံနိုင်ပေ။
သို့သော် တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းရန် နောက်ကျလွန်းသွားပြီ။"ထားလိုက်ပါတော့။ ငါသေလည်း ရတယ်" ထိုအတွေးမျိုး ချင်ဝမ်ယွီ ခေါင်းထဲ ဝင်လာသည်။
ရှီလဲ့ဇီ သူ့လက်ဝါးကို လက်သီးဖြင့် ရင်ဆိုင်လိုက်သည်။ သူ့အကြောင်းပေါ်မည်စိုး၍ မည်သည့်ကျင့်စဉ် သိုင်းကျမ်းကိုမှ မသုံးဘဲ အဆင့် ၈ကျင့်ကြံသူ တစ်ယောက်၏ အင်အားသက်သက်ကိုသာ သုံးလိုက်သည်။
"အား.." ချင်ဝမ်ယွီ အော်လိုက်ပြီး နောက်သို့ လွင့်ကျသွားသည်။
"အဲ့တာ ခင်ဗျားတတ်နိုင်တာ အကုန်ပဲလား" ဇူအန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ချူကျုန်းထန်ကို တစ်ချိန်လုံး ကြိုးဆွဲနေနိုင်သောကြောင့် အနည်းဆုံး အဆင့် ၈ ကျင့်ကြံသူ ဖြစ်လောက်သည်ဟု ဇူအန် ထင်ထားသည်။ သူ့ယောက်ျားလပြည့်မြို့၏ နံပါတ်တစ်ဖြစ်စေရန် သူ့ယောက်ျားမျက်နှာကိုထောက်ပြီး သူ့အဆင့်ကို နှိမ့်ထားလိုက်တာလည်း ဖြစ်နိုင်သည်။သို့သော် ဆိုရိုးစကားအတိုင်း မျှော်လင့်ချက်ကြီးလေ ပိုစိတ်ပျက်ရလေပဲ။
အားနည်းလိုက်တာ။ချင်ဝမ်ယွီ မတ်တပ်ရပ်ရန်ကြိုးစားနေသည်ကိုကြည့်၍ ပြင်းပြင်းထန်ထန် မဖြစ်ကြောင်းသိလိုက်ကာ ဇူအန် စိတ်အေးသွားသည်။ ထို့နောက် ရှီလဲ့ဇီ ကို အော်လိုက်သည်။
"နံစော်နေတဲ့ အဖိုးကြီး ။ ခင်ဗျားက တကယ်အသုံးမကျတာပဲ။ အဆင့် ၈ဖြစ်ပြီးတော့ အဆင့် ၃တစ်ယောက်ကိုတောင် မီအောင်မလိုက်နိုင်ဘူး။ ခင်ဗျားလောက်အသုံးမကျတဲ့သားမွေးထားမိတာ ခင်ဗျားအမေနောင်တရနေမှာပဲ""..."ရှီလဲ့ဇီ
သင်သည် ရှီလဲ့ဇီ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။
ဒီကောင်ရှေ့မှာ သခင်လေးတောင် ဘာလို့ စိတ်မထိန်းနိုင်လည်း သိလိုက်ပြိ။ ဒီလိုစကားမျိုးကို ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ။
"မျိုးမစစ်ကောင် ငါမင်းကိုမိတာနဲ့ မင်းခြေတွေလက်တွေ တစ်စစီ ဖြုတ်ပြီး မသေမချင်း နှိပ်စက်ပြမယ်" ဇူအန်ဆီ ပြေးဝင်ရင်း ရှီလဲ့ဇီ အော်လိုက်သည်။