207

339 47 0
                                    

Chapter 207: ဂူပြိုပြီ

ချူချူယန် မျက်နှာနီရဲသွားပြီး ထိုမေးခွန်းကြောင့် အန်းတန်းတန်း ဖြစ်သွားသည်။

"..."ဇူအန်
မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုမေးခွန်းမေးတာ မင်းမရှက်ဘူးလား။
"ငါအလုပ်နိုင်ဘူးဆိုတာ ဘာစကားလဲ။ ငါက အမြဲတမ်း လုပ်နိုင်ပါတယ်နော်" ဇူအန်ဒေါသဖြင့် အော်လိုက်သည်။

"ဟေး"
သူ့စကားကို ရှောင်းရွှယ်ယင် မျက်လုံးလှန်ပြလေသည်။
လုပ်စမ်းပါ။ ဒီမှာရှိတဲ့လူအားလုံး အမှန်ကို သိနေတာပဲကို!

ချူချူယန် နောက်ဆုံး ထပြောလေသည်။
"နတ်ဆေးဆရာကျီက သူ့ကို စမ်းသပ်ပြီး ဆေးပေးလိုက်ပြီးသား။ အဓိက ဆေးက မှေးမှိန်ကြာပွင့် လေ"

"နင်ပြောချင်တာ ပွင့်ချပ်တစ်ခုစားရင် အဆင့်တစ်ခုတက်တယ်ဆိုတဲ့ အဲ့ဒီ မှေးမှိန်ကြာပွင့် လား ။ နင် ချူယန့်ကို အဲ့တာ ပေးလိုက်တယ်ပေါ့" ရှောင်းရွှယ်ယင် တက်မတတ်ဖြစ်သွားသည်။
ကျင့်ကြံသူ တစ်ယောက်အနေနဲ့ အဆင့်မြင့်လေလေ နောက်တစ်ဆင့်တက်ရန် မည်မျှ ခက်ခဲကြောင်း ရှောင်းရွှယ်ယင် သိလေသည်။ ပွင့်ချပ်တစ်ခုပင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရမှ ရလာမည့်အကျိုးကို ပေးနိုင်သည်။ အဆင့်မြင့် ကျင့်ကြံသူသာဆိုလျှင် နှစ်ဆယ်ချီ သို့မဟုတ် ရာချီ ကြာနိုင်သေးသည်။ ဒါက မှေးမှိန်ကြာပွင့် မည်မျှ စွမ်းကြောင်း ပြနေသည်။

ချူချူယန် ဇူအန်ကို နူးညံ့သော မျက်လုံးများဖြင့်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

"ကောလဟလအရ ကြာပွင့်မှာ ပွင့်ချပ်၉ခု ရှိတယ်တဲ့။ သူနင့်ကို ဘယ်နှစ်ချပ် ပေးလိုက်တာလဲ" ရှောင်းရွှယ်ယင် မေးလိုက်သည်။
အခုတွေးကြည့်မှ ကျန်းဟန် မှေးမှိန်ကြာပွင့် အကြောင်းပြောတာ ကြားလိုက်သလိုပင်။ ရှီခွန်း၏ သစ္စာဖောက်မှုနှင့် ကြုံနေရသော ပြဿနာများကြောင့် ပတ်ဝန်းကျင်ကို အလိုလို သတိမထားမိခြင်းပင်။

"သူက...အကုန်ပေးလိုက်တာ" ဇူအန် သူ့ကို ပါးစပ်ချင်းတေ့၍ ခွံ့ကျွေးခဲ့ပုံကို သတိရသွားကာ အသံတိမ်ဝင်သွားသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now