Chapter 233: သမီးချစ် မကောင်းဆိုးဝါး
“မလိုအပ်တာတွေ ဆိုတာ ဘာပြောချင်တာလဲ” ဇူအန် သူမဘက်သို့ လှည့်ကြည့်လိုက်ပြီး မေ့လိုက်သည်။
ချင်ဝမ်ယွီ အသက်ရှူမှန်သွားအောင် ခဏလောက်လုပ်ပြီးမှ ပြန်ပြောလိုက်သည်။ “အဲ့လိုမျိုးကိုတောင် မသိရလောက်အောင်ထိတော့ မင်း မတုံးဘူးမလား”
ဇူအန် ပုခုံးတွန့်လိုက်ပြီး “သူတို့နှစ်ယောက်လုံးက ချူယန်ဦးလေးတွေပဲလေ။ ကျုပ် ဘာလို့သူတို့ကို ဘာမှပြောပြလို့မရတာလဲ”
“မင်း သူတို့ကို ပြောပြလိုက်တယ်ပေါ့” ချင်ဝမ်ယွီ မျက်လုံးများ ဒေါသကြောင့် ပြူးကျယ်သွားသည်။
“မပြောပြပါဘူး။ ဒီအတိုင်း သူတို့ကို မပြောပြရမယ့်အကြောင်းရင်း မသိလို့ပါ” ဇူအန် ပြောလိုက်သည်။ ဤအခြေအနေကို အခွင့်ယူပြီး ချူအိမ်တော်အတွင်း ဘာဖြစ်နေလဲဆိုသည်ကို သူ ဖော်ထုတ်ချင်သည်။
“အဲ့ဒါဆို ကောင်းတာပဲ” ချင်ဝမ်ယွီ၏ မျက်နှာအမူအရာ ပြန်နူးညံ့သွားသည်။ “ဒီကိစ္စက ငါတို့ချူအိမ်တော်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်။ အဲ့ဒါကြောင့် ငါတို့ လျို့ဝှက်ထားရမယ်”
သူတို့အားလုံး တစ်မိုးအောက်တည်းတွင် အတူတူနေကြရမည်ဖြစ်ပြီး အနာဂတ်တွင် ဒုတိယအိမ်တော်ခွဲ နှင့် တတိယအိမ်တော်တို့ကို ရှောင်ရန် သူ့အတွက် ဘယ်လောက်ခက်ခဲမလဲဆိုသည်ကို ချင်ဝမ်ယွီ စဉ်းစားမိသွားပြီး ထပ်ထည့်ပြောလိုက်သည်။ “သူတို့က ချူယန်ဦးလေးတွေ ဆိုပေမယ့် တူညီတဲ့ အိမ်တော်ခွဲက မဟုတ်ကြဘူးလေ။ လူတိုင်းမှာ ကိုယ့်ဘာသာစဉ်းစားထည့်တွက်တဲ့အရာတွေ ရှိကြတာပဲ။ အဲ့ဒါကြောင့် သတိထားတာက အကောင်းဆုံးပဲ”
ဇူအန် ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ”
ကြည့်ရတာ ချူအိမ်တော်ရဲ့ အိမ်တော်ခွဲ သုံးခုလုံး အဆင်ပြေ စည်းလုံးကြတာက အပြင်ပန်းသက်သက်ပဲထင်တယ်…ဒါပေမယ့် သိပ်အံ့သြဖို့လည်း မကောင်းပါဘူးလေ။ ကြီးမားတဲ့ အိမ်တော်တစ်ခုမှာ ကိုယ်ပိုင်အကျိုးရယူလိုစိတ်က သွေးသားရင်းညီအစ်ကိုတွေကိုတောင် တစ်ယောက်နဲ့တစ်ယောက် မျက်မုန်းကျိုးသွားအောင် ဖြစ်စေနိုင်တာပဲ။ ချူတိုင်းရှန် ၊ ချူယွဲ့ပို နဲ့ ချူကျုန်းတန် တို့ဆို ဝမ်းကွဲညီအစ်ကိုတွေပဲ ဖြစ်ကြတာ။