Chapter 311: လက်ပူးလက်ကြပ်
လျှို့ချွမ် နှင့်အခြားသူများ ပေါက်ကွဲသွားသည်။
ချန်ရွှမ်း ပင် ဒေါသများ ငယ်ထိပ်ထိ တက်လာသလို ခံစားလိုက်ရသည်။မြောက်ကြွနေသောဇူအန်ကို ကြည့်ရင်း အဆိပ်မိနေသော ကျန်းတန်က ဇူအန်လက်ထဲရောက်သွားပုံကို မြင်ယောင်မိလိုက်သော် ဒေါသများ အုံကြွလာချင်သည်။
သူတို့အားလုံး ဇူအန်ကို ဆဲနေကြပြီး ဒီတစ်ကြိမ်တော့ ချန်ရွှမ်း ဦးဆောင်၍ ဇူအန်နောက် လိုက်လေသည်။ ဒီမျိုးမစစ်၏ အလောင်းကို နုပ်နုပ်စင်းပြီးမှ သူ့ဒေါသပြေပျောက်ပေလိမ့်မည်။သူတို့ငါ့နောက် ပြေးလိုက်နေကြတဲ့ပုံကို ကြည့်လိုက်။ ဒီ ကျိန်ဆဲရနံ့ က တကယ်အသုံးဝင်တာပဲ။ ဒါမဲ့ ဒီလောက်ဒေါသထွက်နေကြတာတောင် ဘာအမျက်ပွိုင့်မှ ၀င်မလာတာတော့ နှမျောစရာ။
ချန်ရွှမ်း အရှိန်နှုန်းက ယခင်ထက် ပိုမြန်လာကြောင်း သတိထားမိလိုက်သည်။ ဖြစ်နိုင်ခြေအရှိဆုံးက ချန်ရွှမ်းမှာ တစ်ချိန်လုံး လျှိုထားပြီး အခုမှ မထိန်းချုပ်နိုင်တော့တာ ဖြစ်မည်။ ကျိန်ဆဲရနံ့ကလဲ ရန်သူတွေကို ခွန်အားတိုးစေသည့် အာနိသင်ရှိနေသည်။ ဇူအန် နေကြာပန်းလှိုင်းခြေလှမ်းကို ဂိတ်ဆုံးထိတင်ပြီး ဂူရှိရာသို့ အစွမ်းကုန်ပြေးတော့သည်။ချန်ရွှမ်း မျက်နှာရဲလျက် ဂူပေါက်ဝကိုရောက်လာစဉ်တွင် သူ့ခေါင်းထဲ အနီရောင်သတိပေးချက်များ ပေါ်လာသည်။ သူ သေမင်းနှုတ်ခမ်းဝတွင် အလုပ်လုပ်ခဲ့ရသော နှစ်ပေါင်းများစွာ အတွေ့အကြုံက သူ့ကို အန္တရာယ်အားကြိုတင် အာရုံခံနိုင်စေသည်။
သူ့မသိစိတ်က ဇူအန်နောက်ကို ထပ်မံလိုက်၍ မဖြစ်ကြောင်း သူ့နောက်ဆက်လိုက်ပါက အန္တရာယ်ကြီးမည်ဖြစ်ကြောင်း ပြောနေသည်။
သို့သော် သူ့နားထဲတွင် အသံနောက်တစ်မျိုးက မြှူနေသည်။
သူ့ကို လွှတ်ပေးလိုက်ရတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ။ သူ့ကို နောက်တစ်ခါ လွတ်စေဦးမလို့လား။ မင်းအစ်ကိုအတွက် မင်းလက်စားချေမလို့ မဟုတ်ဘူးလား။ ကျန်းတန်ကိုရော မလိုချင်တော့ဘူးလား။ချန်ရွှမ်း ဂူဝတွင်ရပ်နေကြောင်း ဇူအန် သတိထားမိလိုက်သည်။ ဝင်မလာမှာ စိုးရိမ်သောကြောင့် နောက်တစ်ကြိမ် ကျိန်ဆဲရနံ့ကို သုံးလိုက်သည်။
"မင်းရဲ့ ပါးစပ်ပြောကိုကြည့်ပြီး မင်းမှာ ပညာလေးဘာလေးရှိမယ် ထင်ထားတာ။ လက်စသတ်တော့ မင်းက ငကြောက်ကိုး"