Chapter 320: ကိုယ်ပိုင်ဇနီး
သူမ ဒီလောက်တောင်စိတ်တိုသွားသောကြောင့် ဇူအန် လန့်ဖြန့်သွားသည်။ ချူချူယန်က ပုံမှန် တည်ငြိမ်ပြီး သွေးအေးသဖြင့် ခံစားချက်ကို ထုတ်ပြခဲလေသည်။
ရှို့ဟုန်လေ ချူအိမ်ကိုလာသော အခေါက်ကသာ ဒီလောက် အမျက်ပွိုင့်အများကြီး ပေးဖူးခြင်းဖြစ်သည်။ဇူအန် နားမလည်ပေ။
"ဒီဟင်းတွေကိုချက်တာ မင်းလည်းမဟုတ်ဘဲနဲ့။ ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ""ဒါပေါ့ ကျွန်မ..."ချူချူယန် အလိုလိုပြန်ဖြေလိုက်သော်လည်း စကားပြောင်းလိုက်သည်။
"ဒါပေါ့ ဒါကိုချက်ဖို့ ဟွမ်ကျောက်ဘယ်လောက်အပင်ပန်းခံထားလဲ သိနေလို့လေ။ စားလို့မကောင်းရင်တောင် ရှင်အနည်းဆုံး ကျေးဇူးတင်သင့်တာပေါ့။ ဒီလို သူ့ကို အရှက်..ရစေမယ့်စကားမျိုး မပြောသင့်ဘူးလေ""ဘယ်လိုလုပ် အရှက်ရအောင်ပြောတာဖြစ်မလဲ။ ငါက အမှန်အတိုင်းပဲ ပြောနေတာလေ။ ဒီပေါက်ကရတွေက ရွံစရာကြီးကို" ဇူအန်လည်း မှားယွင်းအပြစ်တင်ခံရသလို ခံစားရသည်။
"ပြီးတော့ ဟွမ်ကျောက်နဲ့ငါက ရင်းနှီးတယ်။ သူ့မျက်နှာရှေ့တည့်တည့်ပြောလိုက်ရင်တောင် သူက စိတ်မဆိုးလောက်ဘူး""ဒီလိုကိစ္စမျိုးကို ဘယ်လောက်ရင်းနှီးပါစေ မပြောသင့်ဘူးလေ။ သူများက ရှင့်ကိုစေတနာနဲ့ ချက်ပေးတာကို ရှင်က ဒီလိုစကားမျိုးပြောတော့ သူတို့ဘယ်လိုခံစားရမလဲ"ချူချူယန် စိတ်တိုစွာ ထပ်ပြောသည်။
သင်သည် ချူချူယန် ထံမှ အမျက်ပွိုင့် ၃၃...၃၃...၃၃...ရယူလိုက်သည်။
သူမ ဘယ်လောက်စိတ်တိုနေလဲ သတိထားမိသွားသော် ဇူအန် သဘောပေါက်သွားရသည်။
"မင်းပြောတာ လုံးဝ မှန်တယ်။ တစ်ယောက်ယောက်က ကြိုးစားပမ်းစားချက်ပေးထားတာဆိုတော့ ကျေးဇူးတင်ပြီး စားပေးသင့်တယ်"ထို့နောက် အစားကြီးတတ်သူတစ်ယောက်လို ပါးစပ်ထဲ အမြန် ထည့်စားတော့သည်။
ဇူအန် စားသောက်နေပုံကိုကြည့်၍ ချူချူယန် ဇဝေဇဝါဖြစ်သွားသည်။
ငါ့မှာ တကယ်ပဲ ဟင်းချက်တာ ပါရမီပါလို့လား။ ဒါဆိုလည်း ခုနက ဘာလို့ အဲ့လိုတွေ ပြောသေးလဲ။