Chapter 399: အပေးအယူ
“ ငါ့ ပါးစပ်ကို ကြည့်စမ်း” ကျန်းလော့ဖူ နှုတ်ခမ်းလှုပ်လိုက်သည်။ “သောက်ပါးစပ်ပိတ်ထား”
ဇူအန် က သူမကို မယုံမကြည်နိုင် ကြည့်လိုက်သည်။
“ကျောင်းအုပ် ဒီလို စကားကြမ်းမျိုးက ကျောင်းအုပ်ရဲ့ အဆင့်အတန်းနဲ့ မသင့်တော်ပါဘူး”ကျန်းလော့ဖူ အကြောဆန့်လိုက်သည်။ ၎င်းသည် သူမ၏ ကျော့ရှင်းသော မြင်ကွင်းကို ပိုတိုးသွားစေသည်။ “တစ်ခုခု ကြားလိုက်လို့လား။ ငါတော့ ဘာမှမကြားလိုက်ပါဘူး”
ဇူအန် ပြောစရာစကားပျောက်သွားသည်။ ထိုမိန်းကလေးကို ဤလောက် ဉာဏ်များမည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူမက ရှန်းလျှို့ယီ ကို သူမ၏ ဇနီး ဟု ခေါ်ခဲ့သည်ကို သတိပြုမိလိုက်သည်။ အချစ်ဆုံးသူငယ်ချင်းများ အကြား ဟာသတစ်ခုဖြစ်နိုင်သည်။
သူ၏ ယခင်ကမ္ဘာ မှ မိန်းကလေးကျောင်းသူများ လည်း ဤသို့ မကြာခဏ ခေါ်ပြောလေ့ရှိကြသည်။
သူတို့ ထိုသို့ အဘယ်ကြောင့် ပြောဆိုကြခြင်းကို ဇူအန် နားမလည်ပေ။ အကယ်၍ ရင်းနှီးသော ယောက်ျားလေးသူငယ်ချင်းများက အချင်းချင်း ယောက်ျားရေဟု ခေါ်ကြပါက...အာ...ကျန်းလော့ဖူ က သူမ၏ ဆံထိုးကို စားပွဲတွင် ခေါက်လိုက်သည်။ “ အရှင်သခင်အဆင့် ရန်သူတစ်ယောက်ဆီကနေ နင်ဘယ်လို ထွက်ပြေးလာခဲ့တယ်ဆိုတာကို ဘာကြောင့် မပြောပြသေးတာလဲ။ ငါ့ကို အဲ့ဒီ စိတ်ရူးပေါက်သွားတာတို့ ဘာတို့ညာတို့ တော့လာမပြောနဲ့”
ဇူအန် မျက်နှာ နီရဲသွားသည်။ ဒါဆိုရင် အခန်းအပြင်ဘက် က ပရောပရီပြောခဲ့တာကို ကျောင်းအုပ် အကုန်ကြားတယ်ပေါ့။ သူမကို ချူကလန်အားပြောခဲ့သည့် ဇာတ်လမ်းအတိုင်း အကြမ်းဖျင်းပြောပြလိုက်သည်။
ကျန်းလော့ဖူ တခဏ တိတ်ဆိတ်သွားသည်။ သူမ၏ အနီရောင် နှုတ်ခမ်းများ ထပ်မံဖွင့်ရန် အချိန်ခဏယူလိုက်ရသည်။ “ နင်ပြောခဲ့တဲ့ နောက်ထပ် အရှင်သခင်အဆင့် တစ်ယောက် ဆိုတာကို ငါ တိုက်ခိုက်ဖူးတယ်လို့်ထင်တယ်။ အဲ့ဒီတုန်းက သူဘာဖြစ်လို့် အကယ်ဒမီထဲမှာ ပြဿနာလာရှာရသလဲဆိုတာကို သဘောမပေါက်ခဲ့ဘူး။ အခုတွေးကြည့်တော့မှ နင့်အနားက လူတွေကို လာစုံစမ်းတာကိုး”