261

295 40 1
                                    

Chapter 261: လုပ်ကြံသူ

ဇူအန် တံတွေးမျိုချလိုက်သည်။ ဤကြာပွတ်ရိုက်ချက်နှင့် သူ အတိတ်အဖြစ်အပျက်အချို့ ရှိခဲ့ဖူးသည်။ ဘယ်လိုခံစားရလဲဆိုတာတော့….ထိုမှတ်ဉာဏ်များကို သူ တကယ်ပြန်မတွေးချင်ပါ။

ချန်ရှို့ပင်းကို အဲ့လောက်စူးစူးဝါးဝါးအော်တဲ့အတွက် ဘယ်သူက အပြစ်တင်နိုင်မလဲ။

အချိန်ကြာလာသည်နှင့် ချူဟွမ်ကျောက်သည် ပိုပိုစ်ိတ်တိုလာပြီး ဇူအန်ထံမှ ရှင်းပြချက် နားထောင်ရန် ပြန်လာခဲ့ခြင်းဖြစ်သည်။ သူမ ရောက်လာသည်နှင့် ချန်ရှို့ပင်း ထိုစကားများပြောနေခြင်းကို မမျှော်လင့်ခဲ့ပေ။ နဂိုကတည်းက သူမသည် ဒေါသထွက်နေပြီးသားဖြစ်ပြီး….ထိုစကားများက လောင်စာထပ်ထည့်လိုက်သလို ဖြစ်သွားခဲ့သည်။

ကြာပွတ်ဖြင့် တစ်ကြိမ်ရိုက်နှက်မှုက သူမကို စိတ်မပြေသွားစေနိုင်ပါ။ ဒုတိယရိုက်ချက်က အလိုလိုရောက်လာ၏။

သုံးကြိမ်မြောက် ရိုက်နှက်တော့မည်ကို တွေ့သည်အခါ ဇူအန် သူမကို အလျှင်စလို သွားတားလိုက်သည်။ “တော်ပြီ တော်ပြီလေ။ ဒီလိုမျိုးနဲ့ဆို ဒီသနားစရာကလေးလေးက သေသွားလိမ့်မယ်”

ချူဟွမ်ကျောက် သူ့ကို ပိုကြည့်လေလေ ပိုစိတ်တိုလာလေလေဖြစ်သည်။ သူ့ကို ရိုက်တော့မယ့်ဟန် ကြာပွတ်ကို မြောက်လိုက်သည်။
နောက်ဆုံးတွင် မလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဒေါသတကြီးဖြင့် နှာမှုတ်ပြီး တဖက်သို့ လှည့်လိုက်သည်။  “ကျွန်မ ရှင့်ကို စကားမပြောချင်ဘူး”

ဇူအန် သူမ စိတ်ကောက်သွားပုံကြောင့် ပြုံးရယ်မိသည်။ ဒီကောင်မလေးက ပိုပိုပြီး ချစ်ဖို့ကောင်းလာနေတာမဟုတ်ဘူးလား။
အရင်တုန်းက ငါ ပြောဖူးတယ်မလား။ မျို့စေ့ဗီဇကောင်းတာ နဲ့ လှပတင့်တယ်တဲ့ မျက်နှာက အရေးကြီးဆုံးတွေပဲလို့။ တကယ်လို့ သူမက  စိတ်ကောက်ပြီး နည်းနည်းပါးပါး သောင်းကျန်းနေရင်တောင် ဘယ်သူကမှ စိတ်ရှုပ်စရာကောင်းတယ်လို့ မြင်ကြမှာ မဟုတ်ပါ။

ချန်ရှို့ပင်းဘက်သို့ သူ လှည့်ကြည့်လိုက်ပြီး “အမှန်အတိုင်းပြောရရင် မင်းရဲ့အဲ့ပါးစပ်ကြောင့် အနှေးနဲ့အမြန် မင်း ဒုက္ခရောက်သွားလိမ့်မယ်။ အနာဂတ်မှာတော့ ပိုသတိထားပါ။ တစ်ချိန်လုံး စကားများမနေနဲ့တော့”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now