Volume ~1~ Chapter //1//

31.9K 2.7K 154
                                    

UNICODE

အတွဲ (၁) စိုပြည်လတ်ဆတ်သော နှစ်ကာလများ

အခန်း (၁) သေသူနဲ့အတူ အရှင်လတ်လတ် မြှပ်နှံခံရခြင်း

သတ္တမမြောက် ကျင်းယွမ်နှစ်၊ ၁၀ လပိုင်း ၃ ရက်၊ နှင်းဖြူပွင့်လွှာတို့ ထူထဲသည်းထန်စွာ ဝေနေကြချိန်...

"မောင်မင်းတို့ ဘာကိုများ ဒီလောက်တောင် ထိတ်လန့်နေကြတာလဲ? သူသာ ပြန်ကောင်းမလာခဲ့ရင်နောက်ဘဝကူးဖို့ မောင်မင်းတို့အားလုံး သူ့ကို အဖော်ပြုလိုက်သွားကြရမယ်မှတ်!"

ငယ်ရွယ်နုပျိုပြီး မရင့်ကျက်သေးသည့် အရိပ်အငွေ့သန်းနေသော အသံတစ်သံသည် တော်ဝင်နန်းတော်တွင်း ပဲ့ထင်ထပ်သွားခဲ့သည်။ သို့သော် မကြာမီမှာပင် နှလုံးသည်းစိုင်တို့ ကြေကွဲရိပ်ထင်သည့် ရှိုက်ငိုသံအဖြစ် ပြောင်းလဲသွားခဲ့ပြန်သည်။

"အစ်ကိုတော်..."

တော်ဝင်သလွန်တော်ထက်ဝယ် မျက်ဝန်းတို့ မှေးမှိတ်ထားသူ အမျိုးသားတစ်ဦး...။ ထိုသူ၏ တုနှိုင်းမဲ့စွာ လှပလွန်းသော မျက်နှာတော်သည် ဖြူဖျော့နေခဲ့သော်လည်း သူ၏ ခန့်ညားထည်ဝါသော ကိုယ်နေဟန်ထားကို မသက်ရောက်နိုင်ခဲ့ပေ။

ဤအမျိုးသားသည် လက်ရှိယွီမင်းဆက် ကျင်းယွမ်ခေတ်ကာလ၏ အုပ်စိုးသူ ကျင်းယွမ်ဧကရာဇ်အရှင် ယွီကျင်ထန်ပင် ဖြစ်သည်။

ဧကရာဇ်သည် သက်တော်နှစ်ဆယ့်ငါးနှစ်အရွယ်တွင် ထီးနန်းကို လက်လွှဲယူခဲ့ပြီး တိုင်းပြည်ကို အုပ်စိုးခဲ့သည့် ခုနစ်နှစ်တာကာလအတွင်းတွင် တိုင်းပြည်၏ စည်ပင်သာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်တော်မူခဲ့သည်။

လွန်ခဲ့သော ၅လပိုင်းတွင် ရှူန်းနူလူမျိုးစုသည် နယ်စပ်ကို ကျူးကျော်ခဲ့ကြသည်။ ကျူးကျော်သူတို့ကို တိုက်ထုတ်ရန် ဧကရာဇ်အရှင်သည် တပ်မဟာကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်၍ ရန်သူများကို လီ*ပေါင်း ၃၀၀၀ ကျော်တိုင် ဆုတ်ခွာထွက်ပြေးသွားစေသည်အထိ တိုက်ခိုက်ခဲ့သည်။ တိုင်းပြည်တစ်ဝန်း ဝမ်းမြောက်ဝမ်းသာ ပီတိဖြာစွာဖြင့် အောင်ပွဲဆင်နွှဲနိုင်ခဲ့သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now