Chapter //18//

11.9K 2K 118
                                    

UNICODE

အခန်း (၁၈) ချိန်းတွေ့ခြင်း

အစတုန်းက စုန့်ရှောင်းက လမ်းပေါ်မှာ သွားလာနေတဲ့ ကားတွေကို ငေးကြည့်နေတာ ဖြစ်တယ်။ ကားပေါ်က သင်္ကေတတွေအကြောင်းကို လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အင်္ဂလိပ်ပုံနှိပ်စာအုပ်ထဲမှာ ဖတ်ခဲ့ရပေမယ့် ကားတစ်စီးစီရဲ့ အမျိုးအစားအလိုက် ဈေးနှုန်းပမာဏကိုတော့ ခုထိ သေချာ မသိသေးပေ။ သူ့နားကို နီးကပ်လာနေတဲ့ ကားသံကို ကြားလိုက်ရတာမို့ စုန့်ရှောင်း ခေါင်းလှည့်ကြည့်လိုက်တယ်။

ကားတံခါးက ပွင့်ဟ,လာပြီး ခန့်ညားတဲ့ ဧကရာဇ် လူငယ်ဗားရှင်းလေးက ဒီနေ့မှာတော့ အနက်ရောင် ရှပ်လက်ရှည်ကို ဝတ်ဆင်ထားတယ်။ အင်္ကျီလက်နှစ်ဖက်စလုံးကို တံတောင်ဆစ်လောက်ထိ ခေါက်တင်ထားတယ်။ ရှပ်အင်္ကျီပေါ်မှာ တခြားသောအဆင်တန်ဆာ တစ်စုံတစ်ရာမျှ ဆင်မြန်းမထားပဲ ထိပ်ဆုံးကြယ်သီးနှစ်လုံးကိုသာ ဖြုတ်ထားတာပြီး သွယ်လျလျ လည်တိုင်လေးနဲ့ ညှပ်ရိုးတစ်စွန်းတစ်စ,ကို လှစ်ဟ,ပြထားတယ်။

ဆောင်းဦးရာသီရဲ့ နွေးထွေးလှတဲ့ မနက်ခင်းနေရောင်ခြည်လေးဟာ ယွီထန်ရဲ့ ချောမောခန့်ညားတဲ့ မျက်နှာပေါ်မှာ ရွှေရောင်အလွှာပါးလေး တစ်လွှာအဖြစ် ယှက်ဖြာကျနေခဲ့တယ်။ ထိုသူက အခုအချိန်မှာ မင်းဆက်တစ်ဆက်ရဲ့ အုပ်စိုးသူ အရှင်တစ်ပါး မဟုတ်တော့ပေ...။ ချောမောခန့်ညားတဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်သာ ဖြစ်တယ်...။

သူတို့နှစ်ယောက်ကြားမှ 'တိုင်းပြည်တစ်ပြည်ကို ထူထောင်ခြင်း' နဲ့ 'မျိုးနွယ်စုရဲ့ ကြီးပွားခြင်း၊ ဆုတ်ယုတ်ခြင်း' စတဲ့ အတားအဆီးတွေ ဘာဆိုဘာမှ ရှိမနေတော့ဘူးပဲ...။ 

စုန့်ရှောင်းရဲ့ မျက်ဝန်းလေးတွေ ကွေးညွတ်သွားတယ်။ 

ကောင်းလိုက်တာ...။

သူ့ကို ငေးမောနေတဲ့ သူ့မိသားစုရဲ့ ဧကရီဖြစ်သူကို မြင်လိုက်တာနဲ့ ယွီထန်ရဲ့ နှုတ်ခမ်းစွန်းလေးတွေက ဂုဏ်ယူနေတဲ့ အသွင်နဲ့ မြင့်တက်သွားတယ်။ စုန့်ရှောင်းနဲ့ ခြေလှမ်းသုံးလှမ်းစာ အကွာကို ရောက်တော့ ဣန္ဒြေကြီးစွာနဲ့ သူ့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now