Chapter //84//

6.8K 1.2K 26
                                    

UNICODE

အခန်း (၈၄) ပြန်ပေးဆွဲခြင်း

ယွီမျိုးနွယ်စုရဲ့ မိသားစုဝင်အရေအတွက်က အတော်ကြီးကို များပြားလွန်းလှတယ်။ ယွီထန်တို့အဖေရဲ့မျိုးဆက်မှာတင်ကို ကိုးယောက်ရှိပြီး ယွီလန်ကတော့ အငယ်ဆုံးဖြစ်တယ်။

တာ့ယွီငွေကြေးရဲ့ အကြီးအကဲဖြစ်တဲ့ ယွီချွမ်းက လောင်စေး(နံပါတ် ၄)ဖြစ်ပြီး သူနဲ့လောင်အာ့(နံပါတ် ၂)က အဖေတူတူပဲမို့ လူကြီးမင်းယွီထိုက်ရှင့်ရဲ့ သားတွေပဲဖြစ်ကြတယ်။ လောင်အာ့ရဲ့နာမည်ကတော့ ယွီထုန်ဖြစ်ပြီး များသောအားဖြင့် အမေရိကားအနောက်ပင်လယ်ကမ်းရိုးတန်းဘက်က လုပ်ငန်းတွေကို တာဝန်ယူထားတာဖြစ်တယ်။ ဒါ့အပြင် လော့မြို့(လော့စ်အိန်ဂျလိစ်)မှာရှိတဲ့ ကုမ္ပဏီတွေနဲ့လည်း နီးကပ်ဆက်နွယ်နေတဲ့ ပတ်သက်မှုတွေရှိသေးတယ်။

မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကျန်းမာရေးအခြေအနေက ဒီနှစ်မှာ သိပ်မကောင်းပေ။ လော့မြို့မှာရှိတဲ့ လုပ်ငန်းတွေကိုတောင် မျိုးဆက်အငယ်ထံကို စီမံခန့်ခွဲဖို့အတွက် လက်လွှဲပေးလိုက်ပြီဖြစ်တယ်။ လော့မြို့မှာရှိတဲ့ လုပ်ငန်းတွေက တစ်ခုနဲ့တစ်ခု နက်ရှိုင်းကျယ်ပြန့်စွာ ဆက်စပ်နေကြတာကြောင့် ယွီမျိုးနွယ်စုဝင်တွေက မောင်ပိုင်စီးနိုင်ဖို့ရာအတွက် ဗြောင်ကျကျတစ်မျိုး၊ ကွယ်ရာကနေတစ်ဖုံ တိုက်ခိုက်နေခဲ့ကြတာ အတော်လေးကို ကြာမြင့်နေခဲ့ပြီဖြစ်တယ်။ လမ်းတစ်ဝက်ကနေ ပေါ်လာပြီး အကုန်လုံးကို သတ်ဖြတ်ပစ်လိုက်တဲ့ အဲဒီချန်ယောင်ကျင်း*လိုမျိုး ယွီထန်ဆီ အကုန်ပါသွားလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားမိခဲ့ပေ။

*ချန်ယောင်ကျင်း - ထန်မင်းဆက်က စစ်သူကြီးတစ်ဦး

"အားနေရင်လည်း အလုပ်ပိုလုပ်။ အတင်းအဖျင်းတွေကို အာရုံစိုက်နေတာလေးလျှော့။"

ယွီထုန်က ဓာတ်ပုံတွေကို အေးအေးဆေးဆေးပဲ ဖြည်းဖြည်းချင်းကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းပဲ ပြန်ပေးလိုက်တယ်။

"ဒါကတော့ အတင်းအဖျင်းရယ်လို့လည်း သတ်မှတ်လိုက်လို့ မရဘူးလေ။ တကယ်လို့များ အနာဂတ်မျိုးနွယ်စုခေါင်းဆောင်က ယောက်ျားတွေကို ကြိုက်တယ်ဆိုရင်တော့ ယွီမျိုးနွယ်စုအတွက်လည်း သိပ်မကောင်းဘူးလေနော့်။ ကျွန်တော်ကတော့ အဖေ့ကို တိုက်ရိုက်ကြီး သွားပြောပြဖို့ကျတော့လည်း မရဲဘူးဗျာ။ ဒီတော့ အာ့ကော(အစ်ကို ၂)ကပဲ စကားနှစ်ခွန်းလောက် သွားပြောပေးဖို့ မျှော်လင့်မိတာပါ။"

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now