Chapter //107//

6.6K 1.1K 52
                                    

UNICODE

အခန်း (၁၀၇) ရိုက်ကူးရေး

【ဘုရားရေ၊ ရင်ထဲထိသွားပြီဟယ်။ လောကကြီးထဲမယ် ဒီလိုလှပတဲ့ယောက်ျားလေးမျိုး ဘယ်လိုတောင် ရှိနေရတာတုန်းလို့!】

【ဒါက လူရှေ့သူရှေ့မရှောင် ချစ်ပြနေမှုကြီးပေါ့၊ ဟုတ်တယ်ဟုတ်၊ ဟုတ်တယ်မလား။ ဟိုဘက်က ဥက္ကဌယွီကနေ ထုတ်ကြွားပြလာတာနဲ့ ဒီဘက်ကလည်း ကိုယ့်ပုံကိုယ်ပြန်တင်တော့တာပဲ။】

【ဇာတ်ညွှန်း၊ ဇာတ်ညွှန်း၊ ဇာတ်ညွှန်းကို အာရုံစိုက်နေမိတာ ငါတစ်ယောက်တည်းလားဟေ?】

【ယွဲ့ရှရှောင်းထန်ဖြစ်ပေးဖို့ တောင်းဆိုပါရစေ၊ တောင်းဆိုပါတယ်၊ တောင်းဆိုပါတယ်၊ ခခယယတောင်းဆိုပါတယ်!】

ဇာတ်ညွှန်းက ဘယ်တစ်ခုဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီး လူတိုင်းက အမျိုးမျိုးသော ခန့်မှန်းချက်တွေ ပြုလုပ်နေကြသည်။ အားပေးသံအမြင့်ဆုံးကတော့ သေချာပေါက် 《လစန္ဒာရိပ်ဝယ် ရှောင်းပုလွေနှင့် တောင်ဝှေးပွင့်ငယ်》ပါပင်။ ဒါပေါ့၊ တကယ်တော့လည်း လူတိုင်းက စိတ်ထဲမှာ သေချာသိထားကြ၏၊ ဒီတစ်အုပ်ကို ရိုက်ကူးထုတ်လွှင့်နိုင်ဖို့ အခက်အခဲက အလွန့်အလွန် ကြီးမားလှသည်ဆိုတာကိုလေ။ သို့ပေသိ စုန့်ရှောင်းက တရုတ်ဝတ္ထုကို ဟောလီးဝုဒ်အန်နီမေးရှင်းဇာတ်ကားအဖြစ် အောင်မြင်စွာ ရိုက်ကူးထုတ်လုပ်နိုင်ခဲ့တာမို့ ဒီဇာတ်လမ်းကို ရိုက်ကူးထုတ်လွှင့်နိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးရယ်လို့တော့ မဟုတ်ပေ။

ပထမတစ်ချီ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးကြပြီးနောက်မှာတော့ လူတိုင်းရဲ့အာရုံစိုက်မှုဗဟိုချက်က နောက်ထပ်တဖန် ဓာတ်ပုံဆီကို ပြန်လည်ရောက်ရှိသွား၏။

အင်တာနက်အသုံးပြုသူတွေကတော့ ရူးသွပ်မှုနွံအိုင်ကြီးထဲ ထပ်မံနစ်မြုပ်သွားကြရလေသည်။ ကိုယ့်ဘာသာ အပျော်ရှာတဲ့အနေနဲ့ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို တွဲလိုက်ကြ၏။ မတိုင်ခင်က ယွီထန်တင်ထားတဲ့ ခံစားချက်မဲ့ မျက်နှာထားတင်းတင်းနဲ့ ဥက္ကဌရဲ့ဓာတ်ပုံနဲ့ စုန့်ရှောင်းရဲ့ နူးညံ့သိမ်မွေ့တဲ့ဥက္ကဌဓာတ်ပုံကို တွဲကပ်လိုက်တော့ ယွီထန်က စုန့်ရှောင်းရဲ့ ဘေးတိုက်မျက်နှာလေးကို မမှိတ်မသုန် စိုက်ကြည့်နေသလို ဖြစ်သွားတော့သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now